Saturday, November 26, 2022

ဝန်ထမ်းများ ပျော်ရွှင်အပန်းဖြေစေရန် လှည့်လည်ဖျော်ဖြေတင်ဆက်

 


နေပြည်တော် နိုဝင်ဘာ ၂၅

နိုင်ငံတော်အစိုးရ၏ ယန္တရား ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန် သိစိတ်ဖြင့် ဆောင်ရွက်နေကြသည့် ဝန်ထမ်းများကို စိတ်လက်ပေါ့ပါးစွာ အပန်းဖြေပျော်ရွှင်မှု ရရှိစေရန် ရည်ရွယ်ချက်ဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှုတစ်ခုအဖြစ် ပြန်ကြား ရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်အတူ နိုင်ငံ ကျော်တေးသံရှင်များ၊ မြန်မာ့အသံမှ တေးသံရှင်များက နေပြည်တော်ရှိ ဝန်ကြီးဌာနများသို့ လှည့်လည် ဖျော်ဖြေလျက်ရှိသည်။

အဆိုပါဖျော်ဖြေပွဲကို ယနေ့ညနေပိုင်းက စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲ တမ်းအတွင်းဝန်နှင့် တာဝန်ရှိသူ များသည် သရုပ်ဆောင်မိုးယံဇွန်နှင့် မြန်မာ့အသံမှ တေးသံရှင်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ဖျော်ဖြေပွဲတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်တွဲဖက်၍ သရုပ်ဆောင် မိုးယံဇွန်နှင့် မြန်မာ့အသံမှ တေးသံရှင်များက မြန်မာသံစဉ်တေးသီချင်းများ၊ ခေတ်ပေါ် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ဝန်ထမ်းများနှင့် မိသားစုဝင်များက ပျော်ရွှင်စွာ ကြည့်ရှုအားပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူတို့က ခေတ်ပေါ်တေးဂီတအဖွဲ့၊ မြန်မာ့အသံမှ တေးသံရှင်များနှင့် သရုပ်ဆောင် မိုးယံဇွန်တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါ ဖျော်ဖြေရေးအစီအစဉ်ကို ကျန်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးသို့လည်း ဆက်လက်သွားရောက်ပြီး ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း သိရသည်။            

သတင်းစဉ်

No comments:

Post a Comment