Saturday, November 26, 2022

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဝတ်စုံပြည့်အစမ်းလေ့ကျင့်

 


နေပြည်တော် နိုဝင်ဘာ ၂၅

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဝတ်စုံပြည့် အစမ်းလေ့ကျင့်မှုကို ယနေ့ညနေပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံ၌ ပြုလုပ်သည်။

ထိုသို့ လေ့ကျင့်နေမှုများကို ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကြည့်ရှုအားပေးကြသည်။

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲကို နေပြည်တော် မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံ၌ နိုဝင်ဘာ ၂၆ ရက်မှ ၃၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

အဆိုပါ ပဒေသာကပွဲ၏ ဖျော်ဖြေတင်ဆက်မှုများကို MRTV- HD၊ MRTV Parliament Channel ၊ MWD HD Channel ၊ MWD Variety HD Channel၊ MRTV Web & App တို့တွင် ညနေ ၆ နာရီခွဲမှ ည ၈ နာရီ အထိနှင့် ည ၉ နာရီမှ ည ၁၁ နာရီအထိ နှစ်ချိန်ခွဲ၍ တိုက်ရိုက် (LIVE) ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်းနှင့် ည ၈နာရီသတင်း ထုတ်လွှင့်ချိန်ဖြစ်သော ည ၉ နာရီအထိ ဖျော်ဖြေခဲ့သည့် အစီအစဉ်များကို ယင်းရုပ်သံလိုင်း များတွင် နောက်တစ်နေ့ ညနေ ၄ နာရီသတင်းပြီးချိန်မှ ညနေ ၆ နာရီအတွင်း Delay ပြသ သွားမည်ဖြစ်သည်။

သတင်းစဉ်

No comments:

Post a Comment