Saturday, November 26, 2022

“လူတိုင်းအတွက် မြန်မာ့စာတိုက်လုပ်ငန်း” ဖြစ်စေရေး ပြည်သူလူထုအတွက် အကောင်းဆုံးဝန်ဆောင်မှုများဖြင့် ဝန်ထမ်းများ ကြိုးပမ်းဆောင်ရွက်

 


နေပြည်တော် နိုဝင်ဘာ ၂၅

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့တွင် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ သစ္စာရှိစွာဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသည့် မြန်မာ့စာတိုက်လုပ်ငန်း၊ ရုံးချုပ်နှင့် နေပြည်တော်စာတိုက်ကြီးရှိ အရာထမ်း၊ အမှုထမ်းများကို အသိအမှတ်ပြုသောအားဖြင့် မိသားစုမိတ်ဆုံ နေ့လယ်စာ စားပွဲကိုပြုလုပ်ခဲ့ပြီး ဝန်ကြီးဌာန အားကစားပြိုင်ပွဲများ၌ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ် ပြိုင်ပွဲတစ်ဦးချင်းနှင့် နှစ်ယောက်တွဲပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော မြန်မာ့စာတိုက်လုပ်ငန်း ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာ့စာတိုက်လုပ်ငန်း ဝန်ထမ်းများ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာဖြင့် အားကစားပြိုင်ပွဲများတွင် အားပေးခဲ့ကြသည့် အလေ့အထကို ထိန်းသိမ်းသွားစေလိုပါကြောင်း၊ နိုင်ငံတော်မှ စိုက်ထုတ်ပေးနေရသည့်အရှုံးများ လျော့နည်းအောင်၊ ဝင်ငွေတိုးတက်ရရှိရေး နည်းလမ်းများလည်း ရှာဖွေပြီး ထပ်ဆောင်းဝန်ဆောင်မှု (value added service) များဖြင့် မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပေးနေကြပြီး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ရပ်တန့်မှုမရှိစေရေး ဆောင်ရွက်ပေးနေကြသော တစ်နိုင်ငံလုံးရှိ မြန်မာ့စာတိုက်ဝန်ထမ်းများကို အသိအမှတ်ပြု မှတ်တမ်းတင်ပါကြောင်း၊ မြန်မာ့စာတိုက်လုပ်ငန်း၏ “VISION” ဖြစ်သည့် “Myanmar Post for Everyone” “လူတိုင်းအတွက် မြန်မာ့စာတိုက်လုပ်ငန်း” ဖြစ်စေ ရေး ပြည်သူလူထုအတွက် အကောင်းဆုံး ဝန်ဆောင်မှုများဖြင့် ဝန်ထမ်းများအားလုံး အတူတကွ ကြိုးပမ်းဆောင်ရွက်ပေးရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း မိသားစုမိတ်ဆုံ နေ့လယ်စာအား သုံးဆောင်ခဲ့ကြ ပြီး ရင်းနှီးပွင့်လင်းစွာ နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment