Saturday, November 19, 2022

ရွှေသွေးဂျာနယ်ထွက်ရှိ



နေပြည်တော် နိုဝင်ဘာ ၁၈

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

၁၉ -၁၁ - ၂ဝ၂၂ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၄၇) တွင် မိမိ၏ အတ္တနှင့် ပေါ့ဆမှုကြောင့် စာမေးပွဲတွင် ဒုတိယဆုသာ ရရှိခဲ့သော ပုပုအကြောင်းကို ကလေးများ အတုယူရှောင်ရှားနိုင်စေရန် တင်ဆက်ထားသည့် “ပုပုပါဝင်သည့် နောင်ဆိုသတိထားရမယ်” မျက်နှာဖုံးကာတွန်း၊ မြန်မာပြက္ခဒိန်၏ နတ်တော်လဆန်း ၁ ရက်တွင် ကျင်းပလေ့ရှိသော စာဆိုတော်နေ့အကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် “စာသဘင်ပွဲဆင်နွှဲရွှင်ပျော် လနတ်တော်” သုတဆောင်းပါးကဏ္ဍ၊ စိမ်းလဲ့နှင့် ပါဂျဲတို့နှစ်ဦး တစ်ဦးနှင့်တစ်ဦး တွက်ကတ်နေ၍ ဟင်းအိုးတူးသွားရသည်ကို တင်ဆက်ထားသည့် “တွက်ကတ်ကြလို့” နှစ်မျက်နှာကာတွန်း၊ မည်သည့်ပညာရပ်မဆို ငယ်ရွယ်စဉ်၌ ကျွမ်းကျင်မှုရှိစေရန် သင်ယူထားသင့်ကြောင်း သိရှိနိုင်စေရန် ရေကူးပညာသင်ယူမထား၍ ရေနစ်ခဲ့ရသည့် ချောစုအကြောင်းကို အတုယူဖွယ် တင်ဆက်ထားသည့် “လေ့လာမှပေါ့” ဝတ္ထုကဏ္ဍ၊ လူထုအကြား ပြန့်ပွားနေဆဲဖြစ်သော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် လိုက်နာရမည့်အချက် အချို့ကိုတင်ဆက်ထားသည့် “ဖိုးလပြည့်” တစ်မျက်နှာကာတွန်း၊ ကောက်ကျစ်သော မြေခွေးကိုပေါင်းသင်းမိ၍ အသက်ဆုံးရှုံးသွားရသော ကျားလေးအကြောင်းကို တင်ဆက်ထားသည့် “အပေါင်းအသင်းမှားလျှင်” ပုံပြင်ကဏ္ဍ၊ ကလေးတို့ပေးပို့သော ကာတွန်းများကို ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ လူနှင့်အခြားသတ္တဝါများ အရိပ်နားခိုနိုင်ရန်နှင့် စားသောက်နိုင်စေရန် သီးပင်စားပင်များ စိုက်ပျိုးလှူဒါန်းမှုကြောင့် အသက်ရှည် ကျန်းမာခဲ့ရသော မြေပိုင်ရှင်သူဌေးတစ်ဦးအကြောင်းကို တင်ဆက်ထားသည့် “မနေရတဲ့အခါ” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းများကို ဒုက္ခရောက်မည့်အခြေအနေမှ ကယ်တင်ခဲ့သော ကိုစည်၏ သူငယ်ချင်းကောင်းပီသမှုကို ဖော်ကျူးရေးဖွဲ့ထားသည့် “သူငယ်ချင်းကောင်း” နှစ်မျက်နှာကာတွန်း၊ စာပေပညာရှင်များ၏ ဂုဏ်ကျေးဇူးနှင့် ပူဇော်ကန်တော့ပွဲ အကြောင်းကို ရေးဖွဲ့ထားသည့် “ဦးခိုက်ပူဇော်စာဆိုတော်” ကဗျာကဏ္ဍအပါအဝင် ဉာဏ်စမ်း ကဏ္ဍနှင့် အင်္ဂလိပ်သဒ္ဒါကဏ္ဍ စုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment