Saturday, November 19, 2022

တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ စတုတ္ထနေ့ဆက်လက်ကျင်းပ

 

နေပြည်တော် နိုဝင်ဘာ ၁၈

၂ဝ၂၂ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို စတုတ္ထနေ့အဖြစ် ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သက်မှတ်ထားသော အားကစားကွင်း/ ရုံများတွင် ဆက်လက်ကျင်းပသည်။






တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများဖြစ်သည့် လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားခန်းမ၌ ၅၇ ကီလိုလူသစ်တန်း(အကြို ဗိုလ်လုပွဲ)၊ ၄၈ ကီလို(က)အဆင့် (ဗိုလ်လုပွဲ)၊ ၅၄ ကီလို(က)အဆင့် (အကြိုဗိုလ်လုပွဲ) ၆၇ ကီလို(က)အဆင့် (အကြိုဗိုလ်လုပွဲ)၊ ၆၇ ကီလို အလွတ်တန်း (အကြို ဗိုလ်လုပွဲ)၊ ၇၁ ကီလိုအလွတ်တန်း(အကြိုဗိုလ်လုပွဲ)၊ ၈၀ ကီလိုအလွတ်တန်း (အကြိုဗိုလ်လုပွဲ)ပွဲစဉ် ပြိုင်ပွဲများကို လည်းကောင်း၊ ဇေယျာသီရိတပ်မတော် အားကစားကွင်း၌ ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲမှ ၁၀ မျိုးစုံ မီတာ ၄၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုး သမီး မီတာ ၅၀၀၀ ပြိုင်ပွဲ၊ ၁၀ မျိုးစုံ မီတာ ၁၁၀ တန်းကျော် အပြေးပြိုင်ပွဲ၊ တန်းမြင့်ခုန်ပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ ၁၀ မျိုးစုံ သံပြား ဝိုင်းပစ်ပြိုင်ပွဲ ၊အမျိုးသား/အမျိုး သမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲ ၊ ၁၀ မျိုးစုံ တုတ်ထောက်ခုန်ပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ ၁၀ မျိုးစုံ လှံတံ ပစ်ပြိုင်ပွဲ၊ ၁၀ မျိုးစုံ မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ၊ လူရွေးပွဲနှင့် ဗိုလ်လုပွဲစဉ်များကိုလည်းကောင်း၊ ဂျူဒို ပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ (A)၌ အမျိုးသား/အမျိုးသမီး ကီလိုတန်းအလိုက် ရှုံးထွက် ပွဲစဉ်များကို လည်းကောင်း၊ ဇေယျာသီရိ အားကစားရုံ (C) ၌ ပညာစဉ်စွမ်းရည်ပြပြိုင်ပွဲနှင့် လက် ထောက်နည်းပြအဆင့် ဓားတစ်လက်ပညာစဉ် စွမ်းရည်ပြပြိုင်ပွဲ၊ ပန်ကြပ်ဆီလပ် အတိုက်ပြိုင်ပွဲ၊ အမျိုးသားဓားတစ်လက်အတိုက်ပြိုင်ပွဲ၊ အမျိုးသားဓားနှစ်လက်အတိုက် ပြိုင်ပွဲများကိုလည်း ကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲမှ အလွတ်တန်း သုံးယောက်တွဲအသင်းလိုက် အုပ်စုပတ်လည်ပွဲစဉ်များနှင့် အလွတ်တန်း နှစ်ယောက်တွဲအသင်းလိုက် အကြိုဗိုလ်လု ပွဲစဉ်များ၊ ကရာတေးဒို ပြိုင်ပွဲတွင် လူသစ်တန်း ၈၄ ကီလိုတန်း အထက် ကုမိတဲ့ပြိုင်ပွဲ၊ အကြီးတန်း ၆၇ ကီလိုအောက်၊ ၇၅ ကီလိုအောက်၊ ၈၄ ကီလိုအောက်၊ ၈၄ ကီလိုအထက် ကုမိတဲ့ပြိုင်ပွဲ၊ နည်းပြများ ခတနှင့်ကုမိတဲ့ ပြိုင်ပွဲတို့ကို လည်းကောင်း ယှဉ်ပြိုင်ကစားကြသည်။

အဆိုပါ အားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment