Monday, November 7, 2022

ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) သို့ သွားရောက်စစ်ဆေး

 

နေပြည်တော် နိုဝင်ဘာ ၆


စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)သို့ သွားရောက်စစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)ရှိ ရေနံချက်စက်ရုံအမှတ် (ခ) နှင့် (ဂ)၊ ကတ္တရာစက်ရုံနှင့်လျှပ်စစ် ဓာတ်အားပေးစက်ရုံတို့ကိုလည်းကောင်း၊ စက်သုံးဆီသိုလှောင်ကန်များနှင့် စက်ဆီ/ချောဆီ တင်ချဆိပ်ခံတံတားတို့ကိုလည်းကောင်း၊ စက်ဆီရောစပ်စည်သွတ်စက်ရုံကိုလည်းကောင်း၊ သုတေသနနှင့်အမျိုးအစားစစ်ဆေးရေးဌာနရှိ ဓာတ်ခွဲခန်းနှင့် ဓာတ်ခွဲခန်းအတွင်း စက်သုံးဆီအမျိုးမျိုးတို့၏ အရည်အသွေးစစ်ဆေးနေမှုကို လည်းကောင်း၊ တစ်သျှူးငှက်ပျောစိုက်ပျိုးရန်လျာထားမြေနေရာ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ကိုယ်လက်ကြံ့ခိုင်ရေးအတွက် အားကစားလေ့ကျင့်ရာနေရာနှင့် အားကစားလုပ်ဆောင်နေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးအား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် စက်ရုံမှူးတို့က စက်ရုံအခြေအနေကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်စက်သုံးဆီအမျိုးမျိုးကို ပြည်တွင်း၌ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေးမူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိသောအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး စက်ရုံလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို အထူးဂရုပြုကြရန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment