Monday, November 7, 2022

(၁၉)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးသို့တက်ရောက်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိ

 

နေပြည်တော် နိုဝင်ဘာ ၆


လာအိုနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၉)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (19th ASEAN Air Chiefs Conference – 19th AACC) သို့ တက်ရောက်ခဲ့သော ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် လေကြောင်း ခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကြသည်။

ကြိုဆိုနှုတ်ဆက်

ကာကွယ်ရေးဦးစီးချုပ်(လေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား တပ်မတော်အရာရှိကြီးများက လေဆိပ်၌ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment