Monday, November 7, 2022

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ကရင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် နိုဝင်ဘာ ၆


နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် ကရင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၃ ရက်မွန်းလွဲပိုင်းက ဘားအံမြို့ရှိ ကရင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ရောက်ရှိပြီး တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီအချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်၊ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာပြီး ထူးချွန်ထက်မြက်သော နိုင်ငံသားကောင်း၊ သမီးကောင်းများဖြစ်စေရေး အလေးထားပြုစုပျိုးထောင်ပေးသွားရန်နှင့် ဝန်ထမ်းရေးရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးမှာကြားပြီး ရုံးဝင်းအတွင်းကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဘားအံမြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းသို့ရောက်ရှိပြီး သင်တန်းခန်းမဆောင်၊ လက်တွေ့အလုပ်ရုံများ၊ အိပ်ဆောင်များနှင့် စားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေးသည်။

ရှင်းလင်းမှာကြား

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဘားအံမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးများသို့ ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးမွေးမြူရေးနှင့် သက်သာချောင်ချိရေးကိစ္စရပ်များကို ရှင်းလင်းမှာကြားသည်။

အားကစားပစ္စည်းများထောက်ပံ့

ယမန်နေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဘားအံမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း သင်တန်းခန်းမ၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းသူများ၊ ကျောင်းသားများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ထောက်ပံ့ငွေများ၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ၊ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ၊ အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ကာ သင်တန်းကျောင်းဝင်းအတွင်း သင်တန်းသူများ လက်တွေ့လေ့ကျင့်ဆောင်ရွက်နေမှု၊ စာကြည့်တိုက်၊ သင်တန်းသူ အိပ်ဆောင်၊ စားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေးသည်။

လိုအပ်သည်များမှာကြား

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဘားအံမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းသားအိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်နှင့် 100KVA ထရန်စဖော်မာ ဓာတ်အားခွဲရုံတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment