Friday, November 4, 2022

ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံတော်မှရဲဗလတံဆိပ် ချီးမြှင့်အပ်နှံခြင်းခံရသူများအား ရဲဗလ တံဆိပ်နှင့် ဂုဏ်ထူးဆောင်လက်မှတ်များ ဂုဏ်ပြုခြင်းအခမ်းအနားကျင်းပ

 


ပဲခူး နိုဝင်ဘာ ၄

ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံတော်မှ ရဲဗလတံဆိပ် ချီးမြှင့်အပ်နှံခြင်း ခံရသူများအား  ရဲဗလတံဆိပ်နှင့် ဂုဏ်ထူးဆောင်လက်မှတ်များ ဂုဏ်ပြုခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပဲခူးမြို့ မြို့တော်ခန်းမ၌ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့်အစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ကြသည်။

 ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့ကျင်းပသော အခမ်းအနားသည် ပုံမှန် ကျင်းပသည့် အခမ်းအနားများနှင့်မတူဘဲ နိုင်ငံတော်အဆင့်မှ ရဲဗလတံဆိပ်ချီးမြှင့် အပ်နှင်းခြင်းခံရသူများအား ရဲဗလတံဆိပ်နှင့် ဂုဏ်ထူးဆောင်လက်မှတ်များ ပေးအပ်ချီးမြှင့်သည့် အခမ်းအနားဖြစ်သည့်အတွက် ထူးခြားလေးနက်သည့် အခမ်းအနားတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဆုတံဆိပ်များ ချီးမြှင့်ခြင်းသမိုင်းမှာ မြန်မာမင်းများလက်ထက်မှ နိုင်ငံတော်အစိုးရ အဆက်ဆက်တို့သည် နိုင်ငံတော်၏ ကျေးဇူး သစ္စာကိုစောင့်သိ၍ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သော ပုဂ္ဂိုလ်များ၊ နိုင်ငံတော်အား      သက်စွန့်ကြိုးပမ်းကာကွယ်စောင့်ရှောက်သူများအား ချီးမြှင့်ခြင်း ဖြစ်ကြောင်း၊ ယခုလို ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်အသီးသီး ချီးမြှင့်ခြင်းခံခဲ့ရသူ များဟာ လွယ်လွယ်ကူကူနဲ့ဒီဆုတံဆိပ်တွေကို ချီးမြှင့်ခံခဲ့ရတာမဟုတ်ဘဲ တစ်ချို့က အသက်စွန့်ခဲ့ရသလို တစ်ချို့ကလည်း ထိခိုက်ဒဏ်ရာတွေအပြည့်နဲ့ဖြစ်ကာ တိုင်းကျိုး ပြည်ကျိုးကို ထူးခြားစွာ စွမ်းဆောင်နိုင်ခဲ့ကြသူများဖြစ်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သက်ဆိုင်ရာ ဘွဲ့တံဆိပ်များကို ထိုက်ထိုက်တန်တန်ချီးမြှင့်ခြင်း ခံရသည့်အတွက် တိုင်းဒေသကြီးရဲ့ ဂုဏ်ထူးဆောင်သူများပဲ ဖြစ်လို့ တိုင်းဒေသကြီးအနေနဲ့ အလွန်ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြု ချီးမြှင့်ထိုက်သူများကို ဂုဏ်ပြုချီးမြှင့်ခြင်းဆိုတဲ့ မင်္ဂလာတရားတော်နှင့်အညီ ယခုကဲ့သို့ အခမ်းအနားနဲ့ ချီးမြှင့်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီမှစွမ်းရည်ဆိုင်ရာ ရဲဗလတံဆိပ်နှင့်ဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့်ခြင်း ခံရသော မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၂ (၁)ဦး၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(၈)ဦး၊ ရာအိမ်မှူး(၁၆)ဦး၊ ဝန်ထမ်း(၁) စုစုပေါင်း(၂၆)ဦးတို့အား ဆုတံဆိပ်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ဆုရရှိသူများနှင့် မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

 

သက်ဖြိုးကြိုင် (ခရိုင်၊ပြန်/ဆက်)

No comments:

Post a Comment