Friday, November 4, 2022

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာ အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲသို့ တက်ရောက်

 


လယ်ဝေး နိုဝင်ဘာ ၄ 

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာတွင် နေပြည်တော် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တက်ရောက်ခဲ့သည်။     





ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က အမှာစကားပြောကြားရာတွင် အခြေခံစက်ချုပ် သင်တန်းကို အောက်တိုဘာ ၃ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းကာလပြည့်မြောက်ကာ သင်တန်းသူများအနေနဲ့ အခြေခံအဆင့်ကို ပိုင်ပိုင်နိုင်နိုင် တက်မြောက်ကြလိမ့်မည်ဟု ယုံကြည် ပါကြောင်း၊ စက်ချုပ်ပညာရပ်သည် အသက်မွေးဝမ်းကျောင်းပညာတစ်ခုဖြစ်ပါကြောင်း၊ သို့သော် ဆန်းသစ်တီထွင်ခြင်းကို မိမိ၏ ကိုယ်ပိုင်စိတ်ကူးဖြင့် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အခြေခံ ကို သင်ကြားပေးခြင်း ဖြစ်သည့်အတွက် မိမိစိတ်ကူးဉာဏ်ဖြင့် တီထွင်ဖန်တီးမှု အားကောင်း လျှင်ကောင်းသလောက် အောင်မြင်မှု ရရှိနိုင်မည်ဖြစ်ပါကြောင်း ထိုကြောင့် သင်ပေးလိုက်သည့် နေရာတွင် ရပ်တန့်မနေဘဲ အမြဲလေ့လာသင်ယူ နေရမည်ဖြစ်ကြောင်း၊ ယနေ့ခေတ်ကာလတွင် Onlineမှလည်း လေ့လာသင်ယူနိုင်ပါကြောင်း၊ အဆင့်မြင့် စက်ချုပ်ပညာရပ်ကို ထပ်မံသင်ယူလိုပါက အမှန်တကယ် ပြန်လည်လုပ်ကိုင်သူများအနေဖြင့်  ဌာနနှင့် ချိတ်ဆက်၍ သင်ယူနိုင်ပါကြောင်း ယခုအခြေခံသင်တန်းမှ ထူးချွန်သူ(၃)ဦးကို ရွေး ချယ်၍ အပ်ချုပ်စက် တစ်လုံးစီ ထောက်ပံ့မည်ဖြစ်ပြီး သင်တန်းသားများ၏ ဝင်ငွေရရှိမှု၊ အလုပ်အကိုင်ရရှိမှုများကိုလည်း လစဉ် စာရင်းအချက်အလက်များ ကောက်ယူသွားမည်ဖြစ်၍ အားလုံး ဟန်ချက် ညီညီ ပူးပေါင်းကြိုးပမ်းဆောင်ရွက်စေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။  

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အခြေခံစက်ချုပ်သင်တန်းတွင် ထူးချွန်သည့် သင်တန်းသူ(၃)ဦးတို့အား အပ်ချုပ်စက်(၁)လုံးစီ ပေးအပ်ချီးမြှင့်ခဲ့ပြီး နေပြည်တော် အသေးစား စက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဝေကြည်

No comments:

Post a Comment