Friday, November 4, 2022

ဥပဒေရေးရာဝန်ကြီးဌာနက ဥပဒေဘာသာပြန်စာအုပ် အမှတ်(၁၁) ထုတ်ဝေ

 


နေပြည်တော် နိုဝင်ဘာ ၃

ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဥပဒေဘာသာပြန်ကော်မရှင်က မြန်မာဘာသာသို့ပြန်ဆိုပြီးသည့် ဥပဒေများကို စာအုပ်ထုတ်ဝေခဲ့ရာ ဘာသာပြန် စာအုပ်အမှတ် (၁၁)သို့ ရောက်ရှိပြီးဖြစ်သည်။ ဘာသာပြန်စာအုပ်အမှတ်(၁၁)သည် အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်းခံရသူများ အက်ဥပဒေ(The Guardians and Wards Act) မြန်မာဘာသာပြန်ဆိုချက် စာအုပ်ဖြစ်သည်။

အင်္ဂလိပ်/မြန်မာနှစ်ဘာသာ

အဆိုပါစာအုပ်တွင် မူလစာမူဖြစ်သည့် The Guardians and Wards Act နှင့် ဥပဒေဘာသာပြန်ကော်မရှင်၏ မြန်မာဘာသာ ပြန်ဆိုချက်ဖြစ်သည့် အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်းခံရသူများ အက်ဥပဒေတို့ကို အင်္ဂလိပ်/ မြန်မာ နှစ်ဘာသာဖြင့် လေ့လာဖတ်ရှုနိုင်စေရန် ဖော်ပြထားပြီး ဥပဒေဘာသာပြန်ကော်မရှင် ဥပဒေပုဒ်မ ၁၂(က)အရ ဥပဒေဘာသာပြန်ကော်မရှင်၏ မြန်မာဘာသာပြန်ဆိုထားသည့် ဥပဒေသည် မူလစာမူနှင့်အလားတူ အာဏာတည်သည့်အတွက် တရားဝင် ကိုးကားနိုင်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment