Friday, November 4, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

 


နေပြည်တော် နိုဝင်ဘာ ၃

နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် လမ်းညွှန်မှာကြားချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများက အစွမ်းကုန်အားထုတ် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ပြီးစီးမှုကို ပြန်လည်တင်ပြပေးစေလိုကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်မည့် နည်းလမ်းများကို ဝိုင်းဝန်းအကြုံပြု ဆွေးနွေးပေးစေလိုကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ပြောကြားသည်။

ပြောကြားခဲ့ခြင်းဖြစ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုအခြေအနေနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် သီးထပ်စိုက်ပျိုးနိုင်ရေး၊ မွေးမြူရေးထုတ်ကုန်များအား တန်ဖိုးမြှင့်ရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေ၊ နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် သီးထပ်စိုက်ပျိုးနိုင်ရေး၊ မွေးမြူရေးထုတ်ကုန်များကို တန်ဖိုးမြှင့်ရောင်းချနိုင်ရေး ဆောင်ရွက်မည့်အခြေအနေများကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ပြန်လည်ဖြည့်စွက် ဆွေးနွေးသည်။

ထို့ပြင် အစိုးရဝန်ထမ်းများ၏ သားသမီးများအပါအဝင် နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများ၏ သားသမီးများ အဆင့်မြင့်ပညာသင်ကြားနိုင်ရန်အတွက် Naypyitaw State Academy (NSA) တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အစိုးရဝန်ထမ်းများ၏ သားသမီးများအပါအဝင် နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများ၏ သားသမီးများ Naypyitaw State Academy (NSA)တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း၊ နေပြည်တော်သည် ပညာရေးမြို့တော် ဖြစ်စေရေးနှင့် ပညာရေးကဏ္ဍများကို ဘက်စုံစံပြဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က Naypyitaw State Academy (NSA)တက္ကသိုလ်တွင် အစိုးရဝန်ထမ်းများ၏ သားသမီးများအပါအဝင် နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများ၏ သားသမီးများ တက်ရောက်ပညာသင်ကြားနိုင်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က Naypyitaw State Academy (NSA)တက္ကသိုလ်တွင် ကျောင်းအပ်လက်ခံ ဆောင်ရွက်နေမှု၊ ပညာသင်ကြားမည့် အခြေအနေများ၊ လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment