Sunday, November 6, 2022

(၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကျင်းပ

 


တောင်ကြီး နိုဝင်ဘာ ၆

နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို တောင်ကြီးမြို့ ပြည်နယ်အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုဝင်ဘာ(၆)ရက် နံနက်(၁၀)နာရီက ကျင်းပကြောင်း သိရသည်။

 




(၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ရည်မှန်းချက်(၄)ရပ်၊ စံတန်ဖိုး(၆)ရက်၊ လုပ်ငန်းစဉ်(၃)ရပ်၊ ဌာန၏ဆောင်ပုဒ်ဖြစ်သည့်  `ပြုပြင်ပြောင်းလဲမှုအစ ထွေအုပ်က´ ဆိုသည့် အချက်များ ချမှတ်ပြီး ဌာနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ခေတ်အဆက်ဆက်၏ အုပ်ချုပ်ရေးလုပ်ငန်းတာဝန်များကို ပဓနထားပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျရာအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်လျက်ရှိပြီး အစိုးရယန္တရား၏ အစိတ်အပိုင်းတစ်ခုအဖြစ် လည်ပတ်မောင်းနှင်ပေးနေသည့် ဌာနတစ်ခုလည်းဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအဆင့်ဆင့်အား Video Clip ဖြင့် တင်ဆက်ပြသပြီး အထက်မြန်မာပြည် (ဗဟိုဝန်ထမ်း)တက္ကသိုလ်၌ ဖွင့်လှစ်သည့် အုပ်ချုပ်မှု စွမ်းရည်မြင့်မားမှုသင်တန်း အမှတ်စဉ်(၂)တွင် စစ်ရေးပြ ထူးချွန်ဆုရရှိသူ ဦးစီးအရာရှိ ဒေါ်သိမ့်အိဇင်အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဂုဏ်ပြုဆုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၏ ဇနီးက ဝန်ထမ်းအိမ်ရာ သန့်ရှင်းဆု ရရှိသူများအား ဆုချီးမြှင့်ပေးပြီး ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းသော်ဝင်းက ရှမ်းပြည်နယ်(၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အင်္ကျီလက်ဆောင်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။    

မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment