Sunday, November 6, 2022

မဟာမုနိဘုရားကြီးအား ၃၃ ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

 

ချမ်းမြသာစည် နိုဝင်ဘာ ၆


မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ မဟာမုနိဘုရားကြီးရင်ပြင်တော်၊ မိုးကောင်းဓမ္မာရုံမဏ္ဍပ်၌ မဟာမုနိဘုရားကြီးအား ၃၃ ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ၀ဏ္ဏကျော်ထင်ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် 

ကိုကိုဦး၊ စည်ပင်သာယာရေး၀န်ကြီးဦးကျော်ဆန်း၊ လူမှုရေးရာ၀န်ကြီး ဦးယဉ်ထွေးနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘုရားကြီးဂေါပကဥက္ကဋ္ဌ  ဦးစိုးလင်းနှင့်အဖွဲ့ဝင်များ၊ ရက်ကန်းပညာရှင်များနှင့် စက်ချုပ်ပညာရှင်များ၊ ဝေယျာဝစ္စအဖွဲ့များ၊ ဓမ္မစကြာအသင်းများ၊ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၀န်ကြီးချုပ် ၀ဏ္ဏကျော်ထင်ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ စည်ပင်သာယာရေး၀န်ကြီး ဦးကျော်ဆန်း၊ လူမှုရေးရာ၀န်ကြီးဦးယဉ်ထွေး၊ ဘုရားကြီးဂေါပကဥက္ကဋ္ဌ ဦးစိုးလင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် ရတနာရွှေမိုး ငွေမိုးများရွာသွန်းဖြိုးခြင်း၊ ရက်ကန်းပညာရှင်များမှ အသီးသီးနေရာယူရက်လုပ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့သည် ရက်ကန်းရက်လုပ်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး မဟာမုနိဘုရားကြီး ပိဋိကတ်တိုက်တော်ကြီး တည်ဆောက်နေမှုကို ကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခင်စိမ်း၀င်း

No comments:

Post a Comment