Monday, November 21, 2022

အသက်ထက်မြတ်သော ဂုဏ်သိက္ခာဇာတ်တော်ကြီးတွင် ပါဝင်ဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များနှင့် ကူညီဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ

 


မန္တလေး နိုဝင်ဘာ ၂၀

အမျိုးသားဇာတ်ရုံ(မန္တလေး)၌ တင်ဆက်ကပြခဲ့သည့် အသက်ထက်မြတ်သော ဂုဏ်သိက္ခာဇာတ်တော်ကြီး တွင် ပါဝင်ဖျော်ဖြေခဲ့ကြသော သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များနှင့် ကူညီ ဆောင်ရွက်ခဲ့ကြသူများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ယမန်နေ့ညပိုင်းတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရဝန်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များ၊ ကူညီဆောင်ရွက်ခဲ့ကြသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ညစာစားပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အသက်ထက်မြတ်သော ဂုဏ်သိက္ခာ ဇာတ်တော်ကြီးကို ဖျော်ဖြေတင်ဆက်ပေးခြင်းနှင့်ပတ်သက်၍ နှုတ်ခွန်းဆက်စကား ပြောကြားကြပြီး ဇာတ်တော်ကြီးတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသူများ၊ ကူညီဆောင်ရွက်ခဲ့ကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။

ယင်းနောက် မန္တလေးမြို့မတေးဂီတအဖွဲ့နှင့်အတူ အနုပညာရှင်များ၏ ဂုဏ်ပြုတေးသီချင်း ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး အနုပညာရှင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ဇာတ်တော်ကြီးတွင် ပါဝင်သရုပ် ဆောင်ခဲ့ကြသူများနှင့် ကူညီဆောင်ရွက်ခဲ့ကြသူများကို ဂုဏ်ပြုငွေကျပ်သိန်း ၃၀၀ နှင့် မန္တလေး မြို့မတေးဂီတအဖွဲ့အား ဂုဏ်ပြုငွေကျပ် ၁၅ သိန်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment