Friday, November 4, 2022

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသံဖြူဇရပ်မြို့ ကျက်သရေဆောင် သာသနာ့ဗိမာန် တော်ကြီး အုတ်မြစ်ချ မင်္ဂလာအခမ်းအနား တက်ရောက်

 




မော်လမြိုင် နိုဝင်ဘာ ၄  

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး၏ အုတ်မြစ်ချမင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက သံဖြူဇရပ်မြို့၊ ဖောင်စိန်ရပ်ကွက်၊  (၁၆၀) ပေ၊ (၈၀) ပေ (၄) ထပ် သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်မည့် မြေနေရာ၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌဆရာတော်၊ မွန်ပြည်နယ် ထူးချွန်မှုဂုဏ်ထူးဆောင်၊ မင်္ဂလဓမ္မသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသီလာစာရထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်ကာ အန္တရာယ်ကင်း ပရိတ်တော်များ နာယူကြည်ညိုခြင်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျိုက္ခမီမြို့၊ အလယ်ကျောင်း ဆရာတော် နိုင်ငံတော်ဩဝါဒစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ နန္ဒသာရထံမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညိုပြီး ရေစက်သွန်းချ အမျှပေးဝေ ခဲ့သည်။

ထို့နောက် သာသနာ့ဗိမာန် ဆောက်လုပ်မည့် မြေနေရာရှိ သတ်မှတ်နေရာများ၌ ဆရာတော်ကြီးများက ဦးစီးအမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ နေရာယူကြပြီး မင်္ဂလာအချိန်တွင် သာသနာ့ဗိမာန်တော်ကြီးကို အုတ်မြစ်တော်ချခဲ့၍ အမွေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့သည်။

အဆိုပါ သံဖြူဇရပ်မြို့၊ ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီးကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ရန်ပုံငွေကျပ် (၂၉၀) သန်းဖြင့် Fondation အပိုင်းကိုဆောင်ရွက်ခဲ့ပြီး စေတနာရှင်၊ အလှူရှင်များမှ စုပေါင်းလှူဒါန်းမှုဖြင့် (၁၆၀) ပေ၊ (၈၀) ပေ (၄) ထပ် သာသနာ့ဗိမာန်တော်ကြီး ဆက်လက်တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်

No comments:

Post a Comment