Friday, November 25, 2022

ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ ကျင်းပ

 

ကျွန်းစု နိုဝင်ဘာ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ညနေပိုင်းက မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ အထက(ခွဲ)ကတန်အသင်းနှင့် အထက တာရပိုင်း ကျောင်းအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ အထက တာရပိုင်းအသင်း က (၂)ပွဲ အနိုင်ဖြင့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား တံခွန်စိုက်ဆုဖလားကို ရရှိခဲ့သည်။

ပြိုင်ပွဲတွင် အခြေခံပညာကျောင်းအသီးသီးမှ ပြိုင်ပွဲဝင် (၉) သင်း ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ပြီး အ.ထ.က တာရပိုင်းအသင်းက ပထမဆု၊ အ.ထ.က(ခွဲ)ကတန်က ဒုတိယဆု၊ အ.လ.က သဲအော်အသင်းက တတိယဆုကို ဆွတ်ခူးရရှိခဲ့သည်။

ထို့နောက် ဆုရရှိသော ပြိုင်ပွဲဝင် အသင်းများ၏ ကစားသမားများအား ငွေသားဆုနှင့် လည်ဆွဲဆုများကို တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုနှင့် မြို့နယ် လဝကဦးစီးမှူး ဦးဇော်ဝင်းအောင်တို့က အထက တာရပိုင်းကျောင်းအသင်းအား တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)

No comments:

Post a Comment