Friday, November 25, 2022

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဥပဒေရေးရာဝန်ကြီးဌာန ဝန်ထမ်းများနှင့်အတူ နေ့လယ်စာသုံးဆောင်

နေပြည်တော် နိုဝင်ဘာ ၂၄

နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်သိ၊ သစ္စာရှိစွာဖြင့် ဆောင်ရွက်နေကြသော ဝန်ထမ်းများအား မိသားစုသဖွယ် ‌နွေးနွေးထွေးထွေး ဆက်ဆံခြင်းနှင့် ဥပဒေရေးရာ ဝန်ကြီးဌာနအနေဖြင့် ဌာန၏ ဝန်ထမ်းများ စည်းလုံးညီညွတ်မှုရှိသည်ကိုလည်း ဖော်ဆောင်လျက်ရှိကြောင်း ပြသသည့် အနေဖြင့် ဝန်ထမ်းများ၏ နေ့လယ်စာစားပွဲကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီ ထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေ့လယ်စာ စားပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး က ဝန်ထမ်းများသည် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်စေရန် အဆင့်အလိုက် ပူးပေါင်းဆောင်ရွက်နေကြသည့် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြောင်း၊ ယခုအချိန်၌ ပေးအပ်သည့် တာဝန်များကို တာဝန်ယူစိတ် အပြည့်ထားရှိပြီး တာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊ အမှု ထမ်းများ၏ တာဝန်ကျေပွန်မှု၊ လုပ်ငန်းများကို စည်းကမ်းရှိရှိ၊ ပျော်ပျော်ရွှင်ရွှင်၊ သစ္စာရှိရှိ၊ ရဲရဲဝံ့ဝံ့၊ စိတ်ဝင်တစား လုပ်ဆောင်နေမှုများကို အသိအမှတ်ပြု အလေးထားပါကြောင်း၊ လပြည့်လကွယ် နေ့ရက်များ၌ ဝန်ကြီးဌာန၏ ဘုရားခန်းတွင် ဦးစီးဌာနအလိုက် ဝတ်ရွတ်ပူဇော်ကြပြီး အရာထမ်း၊ အမှုထမ်းများအား အာဟာရဒါန ကျွေးမွေးခြင်းများကို နွေးထွေးခင်မင်စွာ အတူတကွ စားသောက် လေ့ရှိကြကြောင်း၊ ယနေ့တွင်လည်း နေ့လယ်စာကို အရာထမ်း၊ အမှုထမ်းများနှင့် အတူတကွ စားသုံးပြီး စိတ်ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်ကာ ကိုယ်ကျန်း မာ၊ စိတ်ချမ်းသာပါစေကြောင်း ဆုမွန်တောင်းစကား ပြောကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများနှင့်အတူ နေ့လယ်စာကိုအတူတကွ ရင်းနှီးစွာ သုံးဆောင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment