Friday, November 25, 2022

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၄

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲကို နေပြည်တော် မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံ၌ နိုဝင်ဘာ ၂၆ မှ ၃၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပဒေသာကပွဲ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ကျင်းပရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်တို့သည် ယနေ့နံနက်ပိုင်းတွင် လဟာပြင်ကဇာတ်ရုံ၌ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပဒေသာကပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်များမှ အနုပညာရှင်များက ပဒေသာကပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြကြသည်။

ဦးစီးကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ပြဇာတ်ဇာတ်တိုက် လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

သတင်းစဉ်

No comments:

Post a Comment