Tuesday, November 22, 2022

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာသုံးဆောင်

 



နေပြည်တော် နိုဝင်ဘာ ၂၁

နိုင်ငံတော်အစိုးရ၏ ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်သိစိတ်ဖြင့် ဆောင်ရွက်နေကြသော ဝန်ထမ်းများအား မိသားစုသဖွယ် အသိအမှတ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ဂုဏ်ပြုနေ့လယ်စာစားပွဲကို ယနေ့မွန်းတည့် ၁၂ နာရီတွင် ဝန်ကြီးရုံးစုဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်း ချက်တာဝန်များကျေပွန်စွာ ထမ်းဆောင်နိုင်မှုမှာ အဆင့်အလိုက် ဝန်ထမ်းအားလုံး၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ဖြစ်ပါကြောင်း၊ ဝန်ထမ်းအားလုံးက ပေးအပ်သော တာဝန်များကို တတ်စွမ်းသမျှ ကြိုးစားဆောင် ရွက်ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူအတွက် ဝန်ထမ်းအားလုံးက မိမိတို့လုပ်ငန်းတာဝန်များကို ညီညီညွတ်ညွတ်ဖြင့် ဆက်လက် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ထိုနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီး အကဲများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအမှုထမ်း၊ အရာထမ်းများနှင့်အတူ နေ့လယ်စာအတူတကွ သုံးဆောင်ကြသည်။

နေ့လယ်စာသုံးဆောင်နေစဉ်အတွင်း ဝါသနာရှင်ဝန်ထမ်းများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ကြသည်။

ယင်းနောက် ဝန်ထမ်းများသည် ကံစမ်းကစားနည်းများကို ပျော်ရွှင်စွာ ကစားခဲ့ကြပြီးဆုမဲများ ရယူခဲ့ကြသည်။

သတင်းစဉ်

No comments:

Post a Comment