Saturday, October 29, 2022

တမူးမြို့၊ စော်ဘွား(၅)ရပ်ကွက်ရှိ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံးအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

နေပြည်တော် အောက်တိုဘာ ၂၉

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အကြမ်းဖက် သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဉပဒေစိုးမိုးမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ရုံးဌာန အဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များ၊ လမ်း၊ တံတားများ အား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းစသည့် နည်းလမ်းမျိုးစုံအသုံးပြုကာ နှောင့်ယှက်ဖျက်ဆီးလျက် ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၈ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့၊ စော်ဘွား(၅) ရပ်ကွက်ရှိ ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနရုံးအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ တမူးမြို့၊ စော်ဘွား(၅)ရပ်ကွက်ရှိ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံးသို့ အောက်တိုဘာ ၂၈ ရက် ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက ရောက်ရှိလာပြီး ၎င်းတို့အသင့်ယူ ဆောင်လာသည့် ဓာတ်ဆီပုလင်းများဖြင့်လောင်း၍ မီးရှို့ဖျက်ဆီးခဲ့ပြီး ထွက်ပြေးသွားခဲ့ကြောင်းသိရှိရသည်။ PDF အမည်ခံ အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်နေသည့် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနရုံးအား နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် အလျား ၃၀ ပေ၊ အနံ ၂၀ ပေခန့်ရှိ နှစ်ထပ်တိုက်သွပ်မိုး၊ အုတ်ကာ ရုံးအဆောက်အဦ တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment