Saturday, October 29, 2022

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် တခွဲကြဲကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ အား အကြမ်းဖက်သမားများက မီးပုလင်းများဖြင့်ပစ်ပေါက်မီးရှို့ဖျက်ဆီးခဲ့သဖြင့် စာသင်ခန်း အချို့နှင့် သင်ထောက်ကူပစ္စည်းများ မီးလောင်ဆုံးရှုံး

နေပြည်တော် အောက်တိုဘာ ၂၉

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် တခွဲကြဲကျေးရွာရှိ အခြေခံပညာအလယ်တန်း ကျောင်းခွဲအား အောက်တိုဘာလ ၂၈ ရက် ညပိုင်းတွင် အကြမ်းဖက်သမားများက မီးပုလင်းများဖြင့် ပစ်ပေါက်၍ မီးရှို့ဖျက်ဆီး ခဲ့သဖြင့် စာသင်ခန်းနှင့် သင်ထောက်ကူပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၈ ရက် ည ၇ နာရီခွဲအချိန်တွင် ရေတာရှည်မြို့နယ်၊ တခွဲကြဲ ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲအား အကြမ်းဖက်သမားများက မီးပုလင်းများဖြင့် ပစ်ပေါက်ကာ မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ က မီးငြှိမ်းသတ်ယာဉ်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၃၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါကျောင်းအတွင်းရှိ Grade-1၊ Grade-2၊ Grade-5 စာသင်ခန်း ၃ ခန်း၊ ကျောင်းအုပ်ကြီး ရုံးခန်း ၁ ခန်းနှင့် အဆိုပါအခန်းများအတွင်း ထားရှိသည့် သင်ထောက်ကူပစ္စည်းများဖြစ်သော စာရေးခုံ ၂၅ လုံး၊ ထိုင်ခုံ ၂၅ လုံး၊ ဘီရို ၃ လုံးနှင့် ရုံးသုံးစာရွက်စာတမ်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါသည်။

ထိုသို့ ကလေးသူငယ်များ၏ ပညာသင်ကြားမည့်အခွင့်အလမ်းဆုံးရှုံးစေရန် ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment