Saturday, October 29, 2022

တနင်္သာရီတိုင်းဒေသကြီး မြိတ်-ထားဝယ်ကားလမ်းဘေး၌ စိုက်ထူထားပြီး ပုလောမြို့နယ်သို့ လျှပ်စစ်မီးပေးပို့လျက်ရှိသည့် လျှပ်စစ်ဓာတ်တိုင်များအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော် အောက်တိုဘာ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် မြိတ်-ထားဝယ်ကားလမ်းဘေး၌ စိုက်ထူထားပြီး ပုလောမြို့နယ်သို့ လျှပ်စစ်မီးပေးပို့လျက်ရှိသည့် လျှပ်စစ်ဓာတ်တိုင်များအား အောက်တိုဘာလ ၂၈ ရက်နေ့တွင် အကြမ်းဖက် သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် လျှပ်စစ်ဓာတ်တိုင် ၂ တိုင် ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ပုလောမြို့နှင့် ကျေးရွာ များသို့ လျှပ်စစ်မီးပေးပို့လျက်ရှိသည့် လျှပ်စစ်ဓာတ်တိုင်များအနက် မင်းထိန်ကျေးရွာနှင့် ခမောင်းတော ကျေးရွာကြား ဒေသအခေါ် ကျောက်ပုဇွန်တောင်အနီး မြိတ်-ထားဝယ်ကားလမ်းဘေး၌ စိုက်ထူထားသည့် ကွန်ကရစ်ဓာတ်တိုင် ၂ တိုင်အား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် လျှပ်စစ်ဓာတ်တိုင် ၂ တိုင်မှာ လမ်းမကြီးပေါ်သို့ ပြိုလဲပျက်စီးခဲ့ပြီး ပုလောမြို့နှင့် ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများ လျှပ်စစ်မီး ပြတ်တောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့မှုကြောင့် လျှပ်စစ်ဓာတ်တိုင် ၂ တိုင် ပျက်စီးခဲ့ပြီး လျှပ်စစ်မီး ပြတ်တောက်ခဲ့သည့်အတွက် ဒေသခံပြည်သူများ လျှပ်စစ်မီးပြန်လည်ရရှိနိုင်ရေးအတွက် တာဝန်ရှိသူများက အဆိုပါလျှပ်စစ်ဓာတ်အားလိုင်းများအား အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရေးနှင့် ဖျက်ဆီးမှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment