နေပြည်တော် အောက်တိုဘာ ၂၄
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံ
မွန်းလွဲပိုင်းတွင်
မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် မကွေးခရိုင်
စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့်
ဝန်ထမ်းများ၊ မကွေးခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မင်းဘူးခရိုင် ဦးစီးမှူးနှင့်
အရာထမ်းများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ
မင်းဘူးဇုန်နယ်မှူးနှင့် မကွေးသတင်းဗျူရိုမှ ဝန်ထမ်းများ၊ မကွေးကိုယ်ပွားသတင်း
စာတိုက်တာဝန်ခံတို့အား တွေ့ဆုံသည်။
ဆွေးနွေးမှာကြား
ဒုတိယဝန်ကြီးက
ဝန်ထမ်းများနှင့် တွေ့ဆုံမှာကြားရာတွင် ဝန်ထမ်းများပီပီ သစ္စာရှိ၍ တာဝန်ကျေပွန်စွာ
ထမ်းဆောင်ကြရေး၊ အသိပညာပေးလုပ်ငန်းများကို တတ်နိုင်သရွေ့ ထဲထဲဝင်ဝင်
ကြိုးစားဆောင်ရွက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊
ကိုဗစ်-၁၉ ကာကွယ်ရေးကို အရှိန်အဟုန်မပျက် ဆက်လက်ထိန်းသိမ်းရေးတို့နှင့် စပ်လျဉ်း၍
ဆွေးနွေးမှာကြားခဲ့သည်။
သတင်းစဉ်

No comments:
Post a Comment