နေပြည်တော် အောက်တိုဘာ ၂၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက လူငယ်သင်တန်းကျောင်း (ရွှေပြည်သာ) တည်ဆောက်ရေးလုပ်ငန်းသို့ရောက်ရှိပြီး သင်တန်းကျောင်းသို့ ရောက်ရှိလာသော ကလေးသူငယ်များအား စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များ ပို့ချပေးနိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးသည် သင်တန်းကျောင်းအတွင်း တည်ဆောက်ပြီးစီးသည့် သင်တန်းသား အိပ်ဆောင်၊
ထမင်းစားဆောင်၊ မီးဖိုချောင်နှင့် ကွန်ကရစ်လမ်းခင်းကျင်း ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး
တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးသည် မူးယစ်ပြန်လည်ထူထောင်ရေးစခန်း (ရန်ကုန်)သို့ ရောက်ရှိပြီး မူးယစ်ဆေးဖြတ်ပြီးသူများ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆံ့
ပေါင်းစည်းနိုင်ရေး ဆောင်ရွက်နိုင်ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို
တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို
စနစ်တကျပြုစု မှတ်တမ်းတင်ထားရမည်ဖြစ်ကြောင်း၊ စခန်းအခြေပြု သင်တန်းများ ဖွင့်လှစ်ပြီးစီးပါက
၎င်းတို့တတ်မြောက်ထားသော ပညာရပ်များဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရေး
အရပ်ဘက်လုပ်ငန်းရှင် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးသွားရမည်ဖြစ်ကြောင်း
မှာကြားပြီး သင်တန်းဆောင်အတွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ
တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
မွန်းလွဲပိုင်းတွင်
ပြည်ထောင်စုဝန်ကြီးသည် ကြည့်မြင်တိုင်မျက်မမြင်ကျောင်းသို့ ရောက်ရှိပြီး အမြင်အာရုံမသန်စွမ်းသူများ
ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သင်ယူလျက်ရှိသည့် ပညာရပ်များအပေါ် စိတ်ဝင်တစား တက်ကြွစွာပူးပေါင်းပါဝင်နိုင်ရေး
ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရေး
ကူညီပေးသွားရန်ဖြစ်ကြောင်း၊
မျက်မမြင် လက်စမ်းစာပေများ၊ Audio Book များ စုံလင်ကျယ်ပြန့်စွာ ရရှိနိုင်ရေး၊
လိုအပ်ချက်များကို Check List ဖြင့် ပြုစုထားရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးသည် သင်တန်းကျောင်းအတွင်းရှိ သင်တန်းသားများ မျက်မမြင် လက်စမ်းစာပေများ
ထုတ်လုပ်နေမှု၊ စာပေ၊ ဂီတ၊ ရသ၊ အားကစား စသည့်ပညာရပ်များနှင့် မျက်မမြင် အကြောပြင်ပညာရပ်များ
လေ့ကျင့်သင်ကြားနေမှုတို့ကို ကြည့်ရှုအားပေးသည်။
ယနေ့နံနက်ပိုင်းတွင်
ပြည်ထောင်စုဝန်ကြီးသည် အမျိုးသမီးကလေးများ သင်တန်းကျောင်း (ထောက်ကြန့်)သို့ရောက်ရှိပြီး သင်တန်းကျောင်းတိုးတက်ရေး၊ လက်ခံစောင့်ရှောက်ထားသော ကလေးသူငယ်များ
ပညာရည်တိုးတက်ရေး၊ အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားလေ့ကျင့်နိုင်စေရေး၊ လူမှုအသိုင်းအဝိုင်းအတွင်း
ပြန်လည်ဝင်ဆံ့နိုင်စေရေးနှင့် နေ့စဉ်နေထိုင်မှုဘဝ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များ
မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးပြီး အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ယူနေမှုအခြေအနေများနှင့်
သင်တန်းသူအိပ်ဆောင်၊ ထမင်းစားဆောင်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment