နေပြည်တော် အောက်တိုဘာ ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော နီပေါသံအမတ်ကြီး H.E. Mr. Harish-chandra Ghimire အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော နီပေါနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့် အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းပြောကြားပြီး မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး မြှင့်တင်ရေး၊ ယဉ်ကျေးမှု၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာမှုဆိုင်ရာ ကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကျိုးတူကဏ္ဍများအပြင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုပိုမိုမြှင့်တင်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်
No comments:
Post a Comment