Thursday, October 27, 2022

နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ တရားမဝင်သစ် ၂၁၆ ဒသမ ၄၁၉၈ တန် သိမ်းဆည်းရမိ

 


နေပြည်တော် အောက်တိုဘာ ၂၆

နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ တရားမဝင်သစ် ၂၁၆ ဒသမ ၄၁၉၈ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထု အခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ အောက်တိုဘာ ၁၇ ရက်မှ ၂၃ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးသစ်တောဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများအရ တရားမဝင်ကျွန်း ၁၆၅ ဒသမ ၅၂၅၂ တန်၊ သစ်မာ ၂၅ ဒသမ ၀၇၅၀ တန်၊ အခြား ၂၅ ဒသမ ၈၁၉၆ တန် စုစုပေါင်း ၂၁၆ ဒသမ ၄၁၉၈ တန်၊ ယာဉ်/ ယန္တရားခုနစ်စီး၊ တရားခံသုံးဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

သတင်းစဉ်

No comments:

Post a Comment