Thursday, October 27, 2022

CNN International သတင်းဌာနမှ မေးမြန်းမှုကို ပြန်လည်ဖြေကြား

  


CNN International သတင်းဌာနမှမေး

ဗိုလ်ချုပ်ဇော်မင်းထွန်း ရှင့်

ကျွန်မကတော့ ဟောင်ကောင်အခြေစိုက် CNN International သတင်းဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ စန္ဒီစီဒူဖြစ်ပါတယ်။

 















မြန်မာ့တပ်မတော်က အောက်တိုဘာ ၂၄ ရက်တုန်းက ကချင်ပြည်နယ်မှာလုပ်တဲ့ နှစ်ပတ်လည်အထိမ်းအမှတ် ပွဲတစ်ခုကို တိုက်ခိုက်မှုအပေါ် ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီး လူကြီးမင်းတို့ထံက ထုတ်ပြန်ချက် သို့မဟုတ် ပြန်ကြားချက်ကို တောင်းခံလိုတဲ့အတွက် အခုစာကို ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။

လေကြောင်းကနေတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၀ ကျော် ထိခိုက်မှုတွေရှိပြီး အများအပြား သေဆုံးတယ်လို့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂကလည်း လုံခြုံရေးတပ်ဖွဲ့အနေနဲ့ လက်နက်မဲ့အရပ်သားတွေအပေါ် အင်အားအလွန် အကျွံအသုံးပြုပြီး တိုက်ခိုက်တာဟာ လက်ခံနိုင်ဖွယ်ရာမရှိကြောင်းနဲ့ တာဝန်ခံဖို့ တောင်းဆိုထားကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဘယ်လိုများ တုံ့ပြန်မလဲဆိုတာ သိပါရစေ။ ကျေးဇူးတင်ပါတယ်။

သည်ဖြစ်စဉ်နဲ့ပတ်သက်ပြီး ၂၄ ရက်နေ့က နိုင်ငံပိုင်သတင်းမီဒီယာတွေကတစ်ဆင့် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါပြီ။ နိုင်ငံတော်ရဲ့သတင်းထုတ်ပြန်ထားတဲ့ အကြောင်းအရာ‌တွေကိုတော့ ခင်ဗျားဖတ်ပြီးလောက်ပြီ ထင်ပါ တယ်။ ဖတ်ပြီးလောက်ရင်တော့သည်မေးခွန်းကို ခင်ဗျားမေးမှာမဟုတ်ပါဘူး။ သည်သတင်းထဲ အကုန်ပါပြီး သားဖြစ်ပါတယ်။ ဒါကကျွန်တော်ပြောချင်တဲ့ နံပါတ်တစ်အချက်ပါ။

-          ဒုတိယတစ်ချက်အနေနဲ့ ခင်ဗျားမေးတဲ့ မေးခွန်းဟာ ဘယ်အချက်အလက်ကို ကိုးကားပြီး ပြောတာလဲ။ ဘယ်လောက်တရားဝင် ခိုင်မာလို့လဲလို့ မေးချင်ပါတယ်။

- တတိယအချက် ကောလာဟလသတင်းတွေမှာပါတဲ့ ပြည်သူနဲ့ အနုပညာရှင်တွေ သေဆုံးတယ်ဆိုတာ၊ သည်နေရာဟာ ဘယ်လိုနေရာလဲ။ အဲဒီအနုပညာရှင်တွေဟာ ဘယ်လိုပတ်သက်ပြီးရောက်ရှိလဲ။ တချို့ဓာတ်ပုံ မှတ်တမ်းတွေဟာ KIA ဝတ်စုံတွေနဲ့ပျံ့နှံ့နေပါတယ်။ အဲဒီတော့ သူတို့ကဘာလဲ။ အဲဒီနေရာမှာ ရောက်တဲ့ အနုပညာရှင် ဘယ်လောက်ရှိလို့လဲ။ နီးစပ်တဲ့အသိုင်းအဝိုင်းက အသက်ရှင်သန်ဆဲလို့ ပြောနေတာ တွေရှိပါတယ်။ အတည်မပြုနိုင်သေးတာကို မေးတာလို့ ကျွန်တော်ထင်ပါတယ်။

-          စတုတ္ထအချက် KIA ပြောရေးဆိုခွင့်ရှိသူ ကိုယ်တိုင်ကပြောတယ်။ KIA ထိန်းချုပ်နယ်မြေလို့ သုံးနှုန်းပြောတယ်။ ဒါဆိုရင်သည်နယ်မြေဟာ ဘယ်လိုသူတွေရှိနေမလဲ။ KIA တပ်ဖွဲ့ဝင်တွေနဲ့အတူ PDF တွေနဲ့ သူတို့နဲ့နီးစပ်သူတွေပဲရှိတယ်။ ဒါလည်းကျွန်တော်တို့မှာ အထောက်အထားရှိပါတယ်။ သည်နယ်မြေသည် KIA ရဲ့အပြောအရ ထိန်းချုပ်နယ်မြေ၊ ကန့်သတ်နယ်မြေဖြစ်လို့ ဘယ်အရပ်သား ပြည်သူကမှလည်းသွားလို့မရဘူး။ သွားဖို့မလွယ်ဘူး။ ကံဆီးကသွားရင်တောင် ဘူဇာဒီး ရွာပျက် ဥရုမြစ်ချောင်းအတိုင်း ချောင်းဖျား အတိုင်းသွားရတယ်။ ဒေသအခေါ် ဥရာခ ချောင်းဖျား။ ဒါကိုဖြတ်ပြီးမှသာ လက်ရှိနေရာကို ရောက်မှာ။ ခင်ဗျားတို့ ကောင်းကင်ဂြိုဟ်တုပုံတွေကြည့်ပါ။ သိနိုင်တယ်။ အဲဒီရဲ့ အဆောက်အဦ ကိုကြည့်ပါ။ ဂွမ်မော်ပြောတဲ့ဈေးတန်း။ ဘာဈေးတန်းမှမရှိဘူး။ ဒေသခံတွေသည် ကံဆီးဈေးမှာဝယ်တယ်။ အောင်ဘာလေ (တန်ဂွမ်း)ဈေးမှာဝယ်တယ်။ အဲဒီမှာ ဘာဈေးတန်းမှမရှိဘူး။ ဒါဆိုရင် KIA ပြောခွင့်ရသူနဲ့ ဂွမ်မော်ရဲ့ ပြောဆိုမှုတွေ အရင်ညှိနှိုင်းဖို့လိုပါလိမ့်မယ်။ ဘယ်ခရီးသွားမှမရှိဘူး။ ဘူဇာဒီးရွာကျော်ပြီး ဘယ်ဒေသခံကမှ မသွားဘူး။ သွားတဲ့သူတွေကဘယ်သူတွေလဲ ခင်ဗျားစဉ်းစားကြည့်ပါ။

-          ပဉ္စမအချက်အနေနဲ့ ထုတ်ပြန်ထားမှုတွေအရ KIA ရဲ့တပ်မဟာမှူးအဆင့်ရှိသူ၊ တပ်ရင်းမှူးအဆင့်ရှိ သူတွေ အပါအဝင် PDF တွေ၊ NLD ရဲ့အဖွဲ့တွေပဲပါတယ်။ အဆင့်တွေ၊ အမည်တွေ၊ ရာထူး‌တွေ အဖွဲ့အစည်းတွေရဲ့ အထောက်အထားရှိပါတယ်။ အရပ်သား အမည်စာရင်းတောင်မပါဘူး။ ထူးခြားတာက NLD ပါတီဝင် အမည်အချို့၊ PDF အမည်အချို့တွေ့ရတော့ အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ အဖွဲ့တွေနဲ့ ဆက်စပ်မှုရှိတယ်။ အကြမ်းဖက်လုပ်ငန်းတွေကို ပူးတွဲလုပ်ဆောင်နေတာဟာ ထင်ရှားပါတယ်။ နောက်တစ်ချက်ကတော့ စစ်ကိုင်းတိုင်းမှာဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေနောက်ကွယ်က ဘယ်သူတွေပါသလဲ။ ခင်ဗျားတို့ ကြည့်ရင်သိပါမယ်။ KIA ဟာ စစ်ကိုင်းတိုင်းအတွင်းက PDF တွေကို လေ့ကျင့်ပေးရုံတင်မကဘူး၊ လက်နက်နဲ့ခဲယမ်းတွေ၊ မိုင်းတွေကိုပါထောက်ပံ့ပါတယ်။ ဖမ်းဆီးရမိ၊ သိမ်းဆည်းရမိ လက်နက်တွေ ကိုကြည့်ရင် KIA ထုတ်လက်နက်တွေက အများဆုံးပါပဲ။ မန္တလေးတိုင်းဒေသဘက်ကမိတဲ့ လက်နက်တွေ လည်း KIA ထုတ်တွေချည်းပဲဖြစ်ပါတယ်။ နောက်ကွယ်က KIA ရဲ့ အရာရှိတွေရဲ့ ပါဝင်ပတ်သက်မှု တွေဟာများစွာရှိကြောင်း အချက်အလက်တွေရှိပါတယ်။ ဒါ့ကြောင့် တပ်မတော်အနေဖြင့် လိုအပ်တဲ့စ စ်ဆင်ရေးကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် သည်အဖွဲ့တွေပဲ ကျွန်တော်တို့ရဲ့ နယ်မြေထိန်း စခန်းတွေဖြစ်တဲ့ အောင်ဘာလေရွာအနီးက စခန်းတွေကို ဝင်တိုက်တာတွေရှိပါတယ်။ လက်ရှိ Online ဓာတ်ပုံအထောက်အထားတွေကြည့်ပါ။ ယူနီဖောင်းနဲ့ သေဆုံး၊ ဒဏ်ရာရပုံတွေ တက်လာ တာရှိတဲ့အတွက် အရပ်သားဆိုတာမရှိပါဘူး။ အရပ်သားနေထိုင်ရာ နေရာမဟုတ်ဘူးလို့ ပြောချင်ပါတယ်။

-          နောက်ဆုံး ဆက်စပ်ပြောချင်တာက တပ်မတော်ဟာ လက်နက်မဲ့အရပ်သားတွေအပေါ် တိုက်ခိုက်တာ မရှိဘူးလို့ ပြောချင်တယ်။ အောက်တိုဘာ ၁၂ ရက်နေ့က မုံရွာ-ကျောလမ်းကြောင်းပေါ်က ကန်ဒေါင့် ကျေးရွာအနီးမှာ ပြည်သူ ၁၅ ဦး ခရီးသွားစဉ် PDF က ဖမ်းဆီးခေါ်ဆောင်သွားတာရှိပါတယ်။ သည်သတင်းနဲ့ဆက်စပ်ပြီး အောက်တိုဘာလ ၁၉၊ ၂၀ မှာ ကွန်မန်ဒိုတပ်ဖွဲ့တွေနဲ့ ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်နဲ့ ရွှေလှန်ကျေးရွာတစ်ဝိုက်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းလုပ်တယ်။ အဲဒီ KIA/PDF တွေနဲ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်တာရှိပါတယ်။ နောက်ဆုံးကျွန်တော်တို့ အဲဒီအဖွဲ့တွေ ဖမ်းဆီးချုပ်နှောင်ထားတဲ့ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေအပါအဝင် နိုင်ငံ့ဝန်ထမ်းတွေ၊ ကျေးရွာသူ၊ ကျေးရွာသား ၂၆ ဦးကို ကယ်တင်နိုင်ခဲ့တယ်။ အချို့အဲဒီမှာ ၂ နှစ်အရွယ်နဲ့ ၁၂ နှစ်အရွယ် ကလေးတွေပါတယ်။ အချို့ဆိုရင် ၇ လကနေ ၁ နှစ်နီးပါး ချုပ်နှောင်ခံထားရတာရှိပါတယ်။ ဒါကအနီးကပ်ဆုံးအဖြေပါ။ တပ်မတော်သည် အရပ်သားတွေကို တိုက်ခိုက်တာမရှိဘူး။ အကြမ်းဖက်သမားတွေဖမ်းဆီးမှုကနေ ပြည်သူတွေကို ကယ်ထုတ်တာပဲရှိပါတယ်။

-          ခင်ဗျားမေးတဲ့မေးခွန်းကို ကျွန်တော်စုံလင်အောင် ပြောပြီးဖြစ်ပါတယ်။ တပ်မတော်ဟာ လက်နက်မဲ့ အရပ်သားကို တိုက်ခိုက်တာမရှိဘူး။ ယင်းမာပင်ဖြစ်စဉ်ကိုကြည့်ပါ။ ပြည်သူကို ကယ်တင် တာပဲရှိတယ်။ ကချင်ပြည်နယ် ဖားကန့်ဒေသဖြစ်စဉ်ဟာ KIA တပ်မဟာ(၉)က ထိန်းချုပ်ထားတယ်လို့ သူတို့ကိုယ်တိုင် ပြောထားတဲ့ နယ်မြေဖြစ်တယ်။ အချက်အလက်တွေအရ KIA ရဲ့ PDF အကြမ်းဖက်ဝင်တွေနဲ့ ဆက်နွှယ်သူတွေသာရှိတယ်။ ဒါကို တပ်မတော်အနေနဲ့ စစ်ဆင်ရေးလုပ်တာဖြစ်တယ်။ နှစ်ပတ်လည် အခမ်းအနားဆိုတာလည်း ကျွန်တော်တို့မသိဘူး။ ရန်သူတွေရဲ့ ခိုအောင်းတည်ရှိနေရာ၊ အကြမ်းဖက်သမား တွေစုစည်းရာ နေရာဖြစ်လို့သာဖြစ်တယ်။ ဒါ့ကြောင့်စစ်ရေးလိုအပ်ချက်အရ စစ်ဆင်ရေးဆောင်ရွက်ခြင်း သာဖြစ်တယ်။ တပ်မတော်ဟာ ဖြစ်တည်မှုသမိုင်းစဉ်ကနေ လက်ရှိအခြေအနေအထိ အရပ်သားပြည်သူတွေ  အပေါ် တိုက်ခိုက်တာမရှိကြောင်းနဲ့ မမှန်သတင်းဖြန့်မှုအပေါ် ဖြေရှင်းစရာမရှိဘူးလို့‌ ပြောချင်တယ်။

No comments:

Post a Comment