Thursday, October 27, 2022

မွန်ပြည်နယ် သထုံမြို့နယ်၌ ငွေကျပ် ၁၁ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၇၀ ကီလို သိမ်းဆည်းရမိ

 


နေပြည်တော် အောက်တိုဘာ ၂၆

မွန်ပြည်နယ် သထုံမြို့နယ်တွင် ငွေကျပ် ၁၁ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၄၇၀ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၉ ရက် ညနေ ၄ နာရီခွဲတွင် မွန်ပြည်နယ် သထုံမြို့နယ် ရန်ကုန်- မော်လမြိုင် ကားလမ်းမိုင်တိုင်အမှတ်(၁၄၅/၆) အနီးတွင် ကျိုက်ထိုဘက်မှ မြဝတီဘက်သို့ သိန်းကို မောင်းနှင်ပြီး ရန်နိုင်ထွန်း လိုက်ပါလာသည့် Canter ခြောက်ဘီးယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုးငွေကျပ် ၁၁ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၄၇၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ပေါ်ပေါက်ချက်အရ ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ကရင်ပြည်နယ်သို့ အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ပြင်ဦးလွင်မြို့နယ် စိန်ပန်းကျေးရွာတွင် ပါကျဲ(ခ)စိုးလင်းထွန်းအား မြန်မာငွေကျပ် သိန်း ၈၀၊ IPSUM ယာဉ် တစ်စီးနှင့်လည်းကောင်း၊ မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာတွင် ကိုစိုင်း(ခ) စောဇာနည်မောင်နှင့် မျိုးအောင်(ခ)ဟော့ထင်ချန် တို့ကို GlOCK 9 MM ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည်အိမ် နှစ်ခု၊ 9 MM ကျည် ၂၃ တောင့်၊ Crown ယာဉ် တစ်စီးနှင့်လည်းကောင်း၊ ဘားအံမြို့နယ် မဲဘောင်ကျေးရွာတွင် အားဝေ(ခ)လောက်ဆန်းနှင့် သက်ဦး(ခ)စောသက်ဦးတို့အား Crown ယာဉ် တစ်စီးနှင့်လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ ခုနစ်ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

သတင်းစဉ်

No comments:

Post a Comment