နေပြည်တော် အောက်တိုဘာ ၂၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲစာရင်းပြည့်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်း လစဉ်တိုက်ဆိုင်စိစစ်ခြင်းနှင့် မဲရုံများလျာထားသတ်မှတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းနှင့် ဦးစောဘလှိုင်တို့ ဦးစီးသည့်အဖွဲ့သည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် သန်လျင်ခရိုင် မဲဆန္ဒနယ်မှ မြို့နယ်ငါးမြို့နယ်၏ အခြေခံလူဦးရေစာရင်း တိုက်ဆိုင်စိစစ်ထားရှိမှုအခြေအနေများနှင့် အဆိုပြု မဲရုံလျာထားချက်များကို စိစစ်အတည်ပြုသတ်မှတ်ခြင်း များ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလုပ်ငန်းများကို သန်လျင်ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်ငါးမြို့နယ်တို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဦးစီးမှူးများနှင့်မြို့နယ်ရွေး ကောက်ပွဲအရာရှိများ ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
၂၀၂၂ ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလ အခြေခံလူဦးရေစာရင်း တိုက်ဆိုင်စိစစ်တွေ့ရှိချက် များအရ ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်၏ မြေပြင်တွင် နေထိုင်သူဦးရေစာရင်းတွင် ၁၅၃၆၂ ဦး၊ ဥပဒေနှင့်အညီ နေထိုင်သူစာရင်းတွင် ၈၅၆၅ ဦး၊ နိုင်ငံသားကတ်ရှိသူစာရင်းတွင် ၁၃၅၅၀ အသီးသီး အရေအတွက်တိုး လာကြောင်း သိရသည်။
အဆိုပါ ရန်ကုန်တိုင်းဒေသကြီး နယ်မြေမြို့နယ် ၄၅ မြို့နယ်၏ အခြေခံလူဦးရေ လစဉ်စိစစ် တိုက်ဆိုင်မှုနှင့် အဆိုပြုမဲရုံများ လျာထားသတ်မှတ်ခြင်းလုပ်ငန်းကို အောက်တိုဘာ ၁၂ ရက်မှ စတင် ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၀ ရက်တွင် တိုင်းဒေသကြီးနယ်မြေရှိ မြို့နယ်အားလုံး ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့သည် မဲစာရင်းပြုစုရာတွင် ကော်မရှင်ကသတ်မှတ်သည့် ပုံစံဇယားများအတိုင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့က ပြုစုထားသည့် လူဦးရေစာရင်း များကို ရယူအခြေခံပြုစုရမည်ဖြစ်သည်။
သတင်းစဉ်
No comments:
Post a Comment