Saturday, October 22, 2022

ဗန်းမော်မြို့၊ ရွှေပြည်သာမြို့နယ်နှင့် မိုင်းပန်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

 


 နေပြည်တော် အောက်တိုဘာ ၂၁

ဗန်းမော်မြို့၊ ရွှေပြည်သာမြို့နယ်နှင့် မိုင်းပန်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၀ ရက်ညနေ ၄ နာရီ မိနစ် ၅၀ တွင် ဗန်းမော်မြို့ ရွှေပြည်သာရပ်ကွက်တွင် အောင်အောင်(ခ)ဦးကြည်မောင်းနှင်လာသည့်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၉၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့နံနက် ၇ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ရွှေပြည်သာမြို့နယ် အမှတ်(၉)ရပ်ကွက် ကရုဏာလမ်းရှိ မခိုင်ခိုင်ဝင်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၄၀၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ညနေ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းပန်မြို့နယ် ဝိုးလိုင်းကျေးရွာအုပ်စုတာဆန်းကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မနန်းခမ်းယုံမောင်းနှင်လာသည့် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူဘလောက်တုံး ၆ ဒသမ ၃ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment