Saturday, October 22, 2022

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ကျိုက်လတ်မြို့နယ်အတွင်းရှိ ပေါင်းဆန်စက်နှင့်လုပ်ငန်းအချို့အား ကြည့်ရှုစစ်ဆေး

 


ကျိုက်လတ်  အောက်တိုဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ ပေါင်းဆန်စက်နှင့် လုပ်ငန်းအချို့အား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက ယမန်နေ့နံနက်ပိုင်း၌ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျိုက်လတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ကျိုက်လတ်မြို့အဝင်ရှိ လျာထားတန်(၅၀၀)ပေါင်းဆန်စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေသည်များကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အုန်းဆံဖတ်ကြိုး စက်ရုံသို့လည်းကောင်း၊ ကျိုက်လတ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ (၁၃)လမ်းထိပ်ရှိ ချယ်ရီငါးရံ့ခြောက်လုပ်ငန်းကိုလည်းကောင်း၊ (၁၉×၂၀) ကမ်းနားလမ်းရှိ ဦးလှစိုး၏ လောင်စာတောင့် စက်ရုံသို့လည်းကောင်း၊ ကျိုက်လတ်မြို့နယ်၊ လတာကြီး ကျေးရွာရှိ ဦးတင်ကျော်လင်း စိုက်ပျိုးထားသည့် ပိုက်ဆံလျှော် စိုက်ခင်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ရီရီမြင့်

No comments:

Post a Comment