နေပြည်တော် အောက်တိုဘာ ၂၁
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၉ ရက်က တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တပ်မတော်ဦးဆောင်သောဌာန ဆိုင်ရာပူးပေါင်းအဖွဲ့က ထားဝယ်မြို့ အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်၌ တရားမဝင် ပိတောက်ခွဲသား ၈ဒသမ ၅၀၇၄ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၉၅၅၁၈၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Nissan Diesel အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၉၅၅၁၈၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ
ထို့ပြင် အောက်တိုဘာ ၂၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့အတွင်း လိုင်စင်မဲ့ဆိုင်ကယ်သုံးစီး(ခန့်မှန်း တန်ဖိုးငွေကျပ် ၆၁၀၀၀၀)နှင့် ကာဘိုး-ထန်းကုန်း-ကန့်ဘလူသွား ကားလမ်းမပေါ်တွင် Pajero အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၁၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သီလဝါ အထူးစီးပွားရေးဇုန်၊ One Stop Service Center (OSSC)၌ တာဝန်ကျအကောက်ခွန်အဖွဲ့က သီလဝါအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုချက်မပါရှိသော ဆက်သွယ်ရေး လုပ်ငန်းသုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၀၀၀၀၀)ကိုလည်းကောင်း၊ စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ကျစစ်ဆေးရေးအဖွဲ့က မြဝတီ-ဘားအံ-ရန်ကုန်သွား ကားလမ်း၊ ဘုရားကြီးမြို့နယ် PUMA ဆီဆိုင်အနီးတွင် မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော High Density Polyethylene ၆၆၂၅ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၁၃၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် နောက်တွဲယာဉ်ပါ Hino Prifia Tractor Head အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၀၀၀၀၀၀)ကိုလည်း ကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၉၃၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ အောက်တိုလာ ၂၁ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျောက်ဖြူခရိုင် အမ်းမြို့နယ် အတွင်း တရားမဝင်တောင်သရက်ခွဲသား ၆ ဒသမ ၈၂၁၆ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၄၉၇၂)ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်
အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရေတာရှည်မြို့နယ်နှင့် အုတ်တွင်းမြို့နယ်များအတွင်း တရားမဝင်ကျွန်းသစ် ၅၂ ဒသမ ၄၅၂၀ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၃၅၅၅၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ အောက်တိုဘာ ၁၉ ရက်၊ ၂၀ ရက်နှင့် ၂၁ ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၁ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၅၇၅၆၇၂)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှ သိရသည်။
သတင်းစဉ်
No comments:
Post a Comment