ရန်ကုန် အောက်တိုဘာ ၂၁
၁၃၈၄ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် (၃၅)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် မြန်မာနိုင်ငံစာရေးဆရာအသင်းသို့ စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းကြရာ ဦးဝေလွင်(စာရေးဆရာ ဝေလွင်မောင်)က ထပ်မံလှူဒါန်းသည့် အလှူငွေကျပ် ရှစ်သိန်း၊ ဆရာကြီးဦးမျိုးသန့် (မောင် ဆုရှင်) မိသားစုကငွေကျပ် သုံးသိန်း၊ ဗိုလ်မှူးစောငွေ(ငြိမ်း) (မောင်ငွေအိုး) မိသားစု၊ စာရေးဆရာမ ဗိုလ်ချိုမြေတင်တင်ဝင်း (ရန်ကင်းမြို့နယ်)နှင့် အင်းစိန်မြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ်တစ်သိန်းစီ၊ ဦးဝင်းနိုင်(မင်းဆက်ပိုင်)မိသားစု၊ မိတ္ထီလာမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတင်ထွဏ်း(တင်တော်)၊ နတ်တလင်းမြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှူး ဦးညွန့်ဝင်း(ညွန့်ဝင်း-နတ်တလင်း)၊ ရဲအုပ်မောင်မောင်အေး (ငြိမ်း)(စုံထောက် မောင်ရေခဲ)- ဒေါ်ညွန့်ညွန့်(ညွန့်ညွန့်-ကလော)၊ ဒေါက်တာဘရွှေ (မောင်ရဲမောင်) ဗဟန်းမြို့နယ်၊ မော်လမြိုင်မြို့နယ် စာရေးဆရာအသင်း၊ မိတ္ထီလာ မြို့နယ်စာရေးဆရာအသင်း၊ နတ်တလင်းမြို့နယ် စာရေးဆရာအသင်း၊ ကော့မှူးမြို့နယ်စာရေးဆရာအသင်းနှင့် ကြည့်မြင်တိုင် မြို့နယ်စာရေးဆရာအသင်းတို့က ငွေကျပ် ငါးသောင်းစီ လှူဒါန်းကြသည်။
ဒေါက်တာမြင့်ခိုင် (ဥဂ္ဂါညို)၊ စာရေးဆရာ ချစ်စုအောင်နှင့်စာရေးဆရာကိုဇော်ဌေး (ယဉ်ကျေး မှု)တို့က ငွေကျပ်သုံးသောင်းစီ၊ ဆရာထက်ဝေအောင်(စစ်ကိုင်း)၊ ဆရာမင်းမြတ်မိုး (မန်းမြေ)အောင်မြေသာစံမြို့နယ်နှင့် ဆရာဆန်းမောင်(ကွတ်ခိုင်)တို့က ငွေကျပ်နှစ်သောင်းစီ၊ ဦးကျော်လင်း ဦး (ကျော်လင်း-ဒိုင်းဝန်ကွင်း) မော်လမြိုင်မြို့နယ်၊ ဆရာအိုးဝေ (မြေနီကျင်း)နှင့် မဟာအောင်မြေမြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ်တစ်သောင်းစီ၊ စာရေး ဆရာဗလမင်းထင်ကငွေကျပ် ၅၅ဝဝဝဝိ/- တန်ဖိုးရှိ စာအုပ်များနှင့် ဗိုလ်မှူးကြီးမြင့်သိန်း (ငြိမ်း)(မြင့်သိန်းအောင်)က ငွေကျပ်နှစ်သိန်းတန်ဖိုးရှိ စာအုပ်များ ပေးအပ်လှူဒါန်းကြရာ အသင်းဥက္ကဋ္ဌဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်း သူ - ကြို့ပင်ကောက်)နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံစာရေးဆရာအသင်း၊ အမှတ်(၁၇၃/ ၁၇၅) ပန်းဆိုးတန်းလမ်း(အလယ်) ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ ဖုန်း-၀၁-၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment