Saturday, October 29, 2022

အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများအသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များလုပ်ဆောင်

 

နေပြည်တော် အောက်တိုဘာ ၂၈



အစွန်းရောက်အကြမ်းဖက်သောင်းကျန်းသူများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများ အား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များကို ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ထောင်ကာဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ ပြုလုပ်ခဲ့ရာ အောက်တိုဘာ ၂၆ ရက်ည ၁၂ နာရီ ၁၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ပြောင်းခင်းကျေးရွာအနီးရှိ ဓာတ်အား ၆၆၀၀၀ ဗို့ရှိ ဓာတ်တိုင်အား PDF အကြမ်းဖက်အဖွဲ့အင်အား (စိစစ်ဆဲ)က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဓာတ်တိုင်အောက်ခြေ၌ ပေါက်ကွဲမှုဖြစ်ပွားထားသည်ကို တွေ့ရှိရပြီး အခင်းဖြစ်နေရာအနီးမှ ဆိုင်ကယ်ဘက်ထရီအိုးတစ်လုံး၊ ဝိုင်ယာကြိုးစများ တွေ့ရှိသိမ်းဆည်းရရှိခဲ့ကာ ပေါက်ကွဲမှုကြောင့် ဓာတ်တိုင်အနည်းငယ်ပျက်စီးခဲ့ပြီး လျှပ်စစ်မီးပြတ်တောက်မှုမရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်များ ကျူးလွန်ခဲ့သူများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment