Thursday, October 27, 2022

မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

 


နေပြည်တော် အောက်တိုဘာ ၂၆

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၄ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မိုးညှင်းမြို့နယ် ဘီလူးကျေးရွာအုပ်စု အောင်မြေကျေးရွာအနီးတွင် ဝင်းထွန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုညဒသမ ၃၃ ကီလိုကိုလည်းကောင်း၊ အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၅ ရက် နံနက် ၁၁ နာရီတွင် ဘားအံမြို့ အမှတ်(၉)ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ တည်းခိုခန်းတွင် တည်းခိုနေသူ ဇေယျာလှိုင်၏အခန်းသို့ ဝင်ရောက်ရှာဖွေရာအခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု လွိုင်စန့်ကျေးရွာ လမ်းဆုံအနီးတွင် စိုင်းစံမြမောင်းနှင်ပြီး စိုင်းစွမ်ဝမ်းနှင့် အိုက်လူတို့ လိုက်ပါလာသည့် Mitsubishi Pajero Sport ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အားမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment