Sunday, July 10, 2022

CMP စက်ရုံများတွင် ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်တားဆီးမှုများနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

 


ရန်ကုန် ဇူလိုင်

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ နံနက်ပိုင်းတွင် လှိုင်သာယာစက်မှုဇုန်ရှိ CMP အထည်ချုပ်စက်ရုံများဖြစ်သည့် Nadal Pacific Apparel Co.,Ltd Sioen Myanmar Limited Thong Thai Textile-2 (Myanmar) Co.,Ltd စက်ရုံများသို့ သွားရောက်ပြီး လုပ်ငန်းခွင်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးမှုများ၊ စက်ရုံ၊ အလုပ်ရုံများဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် စက်ရုံအစည်း အဝေးခန်းမ၌ စက်ရုံတာဝန်ခံများက လုပ်ငန်းကိစ္စများ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးအတွက် အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်ရန် လိုအပ်ကြောင်း၊ ကုန်ထုတ်စွမ်းအား မြင့်မားစေရေးအတွက် ကျွမ်းကျင်လုပ်သားများ ပြုစုပျိုးထောင်နိုင်သည်နှင့်အမျှ ထုတ်ကုန်များကို အရည်အသွေးမီ၊ အချိန်မီထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ စက်ရုံအတွင်းရှိ သတ်မှတ်အဆင့်မီသူများကို ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များရယူနိုင်ရေး ဦးစီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့အနေဖြင့် စစ်ဆေးအကဲဖြတ်ရေးဌာနများနှင့် စစ်ဆေးအကဲဖြတ်သူများ၊ စစ်ဆေးရေးမှူးများ မွေးထုတ်ပေးလျက်ရှိရာ အလုပ်အကိုင် အမျိုးအစားအလိုက် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း။

ရှင်းလင်းပြောကြား

လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင် မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင် ရောဂါရရှိခံစားမှု လျော့နည်းကျဆင်းစေရေး ဦးစီးဌာန၏ အမိန့်နှင့်ညွှန်ကြားချက်များ၊ စစ်ဆေးရေးအရာရှိများ၏ အကြံပြုချက်များကို ကောင်းစွာ သိရှိလိုက်နာ ဆောင်ရွက်ရန်လိုကြောင်း ရှင်းလင်းပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး စနစ်အား အလေးထား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၂၀၂၂ ခုနှစ်ဇွန်လအထိ ဖွဲ့စည်းထားသည့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီ ၁၂၅၂ ခုရှိပြီး လုပ်ငန်းခွင် ပတ်ဝန်းကျင် အခြေအနေ တိုးတက်ကောင်းမွန်စေရေးအတွက် ဦးစီးဌာနမှ လုပ်ငန်းခွင် ပတ်ဝန်းကျင် အခြေအနေ တိုင်းတာအကဲဖြတ်ခြင်းကို ၈၉၇ ကြိမ်အထိ တိုင်းတာပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment