နေပြည်တော် ဇူလိုင် ၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ဇူလိုင် ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် မြစ်နှစ်သွယ်ကုမ္ပဏီလီမိတက်သို့ ရောက်ရှိရာ တာဝန်ခံက ရေချို/ရေငန် ငါး၊ ပုစွန်များ ပြုပြင်အေးခဲ၍ ပြည်ပကုန်တင်ပို့မှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းများအနေဖြင့် ပြည်တွင်းစားသုံးမှု အတွက်သာမက ပြည်ပသို့ တင်ပို့ရောင်းချခြင်းမှ နှစ်စဉ်နိုင်ငံခြားငွေ ရှာဖွေပေးလျက်ရှိရာ အဆိုပါလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေးအတွက် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်းရှင်များအနေဖြင့် ပြည်ပသို့တင်ပို့မှုများအား သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်သည့်အဖွဲ့က FOB စနစ်ဖြင့် ရုံးလုပ်ငန်းများအား တစ်ချိန်တည်း၊ တစ်နေရာတည်း တစ်ပြေးညီ ဖြစ်စေရန်၊ One stop service ဖြစ်စေရန်၊ ဥပဒေလုပ်ထုံး လုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန် မှာကြားပြီး အေးခဲငါးများ ထုပ်ပိုးနေမှုအဆင့်ဆင့်တို့ကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
အလားတူ Ocean Pacific Cold Storage သို့ ရောက်ရှိပြီး ရေခဲထုတ်လုပ်မှုကို
လည်းကောင်း၊ GFIT Co.,Ltd
၌ မွေးမြူရေးထုတ်ကုန် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ကမ်းနီးကမ်းဝေး ငါးဖမ်းထုတ်လုပ်ခြင်း လုပ်ငန်းများကို သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများ တည်ဆဲဥပဒေများနှင့်အညီ ဖြစ်စေရေး ထိန်းကျောင်းကြပ်မတ်လျက်
ရှိသကဲ့သို့ ရေရှည်အတွက် GAqP အပါအဝင် ခေတ်မီနည်းပညာအသုံးပြု ငါး၊ ပုစွန် မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရန် လိုအပ်ကြောင်း၊ စီးပွားရေးတိုးတက်ရန်၊ လူမှုရေးဖွံ့ဖြိုးရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရန်ဟူသည့် ထောက်တိုင်သုံးခုဖြင့် ငါး၊ ပုစွန် ကဏ္ဍ ဖွံ့ဖြိုးလာရေးကို ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ငါးဖမ်းရာသီ သတ်မှတ်ခြင်း၊ အချို့ဒေသများတွင် နယ်မြေလိုအပ်ချက်အရ ဇုန်များသတ်မှတ် ထိန်းသိမ်းခြင်း၊ သဘာဝငါးမျိုးပွားခြင်းကို ခေတ်မီနည်းစနစ်များ အသုံးပြု၍ လေ့လာသုံးသပ်ခြင်းတို့ဖြင့် ရေရှည်အကျိုးစီးပွားအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းများကို ရေလုပ်ငန်းကဏ္ဍတွင် ပါဝင်ပတ်သက်သူ အားလုံးတို့က စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားပြီး တက်ရောက်လာကြသည့် လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း
ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment