ထားဝယ် ဇူလိုင် ၇
တနင်္သာရီတိုင်းဒေသကြီး မဂ္ဂဇင်းဖြစ်မြောက်ရေး လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက
တိုင်းဒေသကြီးမဂ္ဂဇင်းဖြစ်မြောက် ရေး လုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊
မဂ္ဂဇင်းထုတ်ဝေရ ခြင်းသည် တိုင်းဒေသကြီး၏ မှတ်တမ်းအဖြစ်နှင့် အမှတ်တရရှိစေရေးအတွက်
ထုတ်ဝေရ ခြင်းဖြစ်ကြောင်း၊ မဂ္ဂဇင်းထုတ်ဝေနိုင်ရေးအတွက် တက်ရောက်လာသူများအနေဖြင့် ယခုအစည်းအဝေး၌ ပြီးပြတ်အောင် စတင်ပြီးဆောင်ရွက်ရမှာဖြစ်သောကြောင့် လိုအပ်သည်များ၊ ဆုံးဖြတ်ပေးရမည့်
ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မဂ္ဂဇင်းအဖုံး အပါအဝင်
ကဏ္ဍအလိုက်တွင် ရသစာပေ၊ ဗဟုသုတစာပေ၊ မှတ်တမ်းမှတ်ရာများကို
ထည့်သွင်းရမှာဖြစ်သည့်အတွက် ဝိုင်းဝန်းပြီး အကြံဉာဏ်များဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးယဉ်ထွေးမှ
မဂ္ဂဇင်းဆောင်ရွက်ထားမှု အခြေအနေအား ရှင်းလင်းတင်ပြပြီး စာမူများတည်းဖြတ်ရေးကော်မတီဥက္ကဋ္ဌဦးဘမြင့်
(မင်းသူရိန်-ထားဝယ်)နှင့် မဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီဝင်များက မဂ္ဂဇင်းအတွင်းထည့်သွင်းမည့်
အကြီးအကဲ၏ ဥယျောဇဉ်နှင့် အမှာစာ၊ အကြီးအကဲများ၏ မှတ်တမ်းဓာတ်ပုံများ၊ ဆောင်းပါး၊ ဝတ္ထု၊
ကဗျာ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများအား
ရှင်းလင်းဆွေးနွေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဆွေးနွေးတင်ပြချက်များအပေါ်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ
အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက
နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပလျက်ရှိသည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသည်
ကိုဗစ်-၁၉ ကာလအတွင်း ရပ်နားထားရာမှ ယခုအခါတွင် ကိုဗစ်ရောဂါလျော့နည်းကျဆင်းလာ ပြီးဖြစ်သောကြောင့်
ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အခမ်းအနားကျင်းပနိုင်ရေးနှင့် သံဃာတော်များအား ဆွမ်းဆက်ကပ်နိုင်ရေးအတွက်
ဝိုင်းဝန်းပြီး အကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသူများက လိုအပ်သည်များကို
ဖြည့်စွက်ဆွးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း
သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
No comments:
Post a Comment