Thursday, July 7, 2022

မွန်ပြည်နယ်ဝန်ကြီးချုပ် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မော်လမြိုင်မြို့နယ်ရှိ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ အခမ်း အနား တက်ရောက်

 


မော်လမြိုင် ဇူလိုင် ၇

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မော်လမြိုင်မြို့နယ်ရှိ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းက ပြည်နယ်ခန်းမ၌ ကျင်းပ ပြုလုပ် ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာ၌ မော်လမြိုင်မြို့သည် မွန်ပြည်နယ်၏ မြို့တော် ဖြစ်သည့်အတွက် မြို့နယ်အတွင်း အုပ်ချုပ်မှု လျော့ နည်းဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးနှင့် မြို့တော် အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ် လှပမှုရှိစေရေးကို ဂရုပြု ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင် ကောင်းများကို ဖော်ဆောင်ပေးပြီး ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးသည် အုပ်ချုပ်ရေး ကဏ္ဍတွင် အခြေခံကျသည့် အုပ်ချုပ်ရေးအဖွဲ့အစည်း ဖြစ်သည့်အတွက် လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ အနေဖြင့် စနစ်တကျ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရန် ဖြစ်ကြောင်း၊ လူဦးရေစာရင်းများ မှန်ကန်စေရေးအတွက် ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးရုံးများတွင် ထားရှိရမည့် ပုံစံ (၂၇)မျိုးကို စနစ်တကျ မှန်ကန်စွာ ရေးသွင်း ထားရန် လိုအပ်ကြောင်း၊  ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် နိုင်ငံရေး အရောင်အသွေး ကင်းရှင်းပြီး မိမိတို့ရပ်ရွာ၏ အကျိုးကို သယ်ပိုး ဆောင်ရွက် နိုင်သူဖြစ်အေင် ကြိုးပမ်း ဆောင်ရွက်ကြရန် ဖြစ်ကြောင်းဖြင့် လမ်းညွှန် ပြောကြား ခဲ့ပါသည်။

ထို့နောက် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လုံခြုံရေး ကိစ္စရပ်များ၊ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖြည့်စွက် ဆွေးနွေးခဲ့ကြပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ ဒေသ ဖွံ့ဖြိုးရေး၊ လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်စေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးများအတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး တင်ပြခဲ့ကြရာ ပြည်နယ် ဝန်ကြီးချုပ်က သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့် (ခရိုင်၊ ပြန်/ဆက်)

No comments:

Post a Comment