အသိပေးနှိုးဆော်ချက်
၂။ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ဖွင့်လှစ်မည့်နေရာအား ၁၉.၇.၂၀၂၂ ရက်နေ့မှ ၂၁.၇.၂၀၂၂ ရက်နေ့ ၀၅၀၀ အချိန်မှ ၁၈၀၀ အချိန်အထိ နတ်မောက်လမ်းအား ဝင်္ကဘာလမ်းဆုံမှလည်းကောင်း၊ နတ်မောက်လမ်းအား ဖိုးစိန်လမ်းဆုံမှလည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက် လမ်းအား ငါးထပ်ကြီးဘုရားလမ်းနှင့်ဆုံရာမှလည်းကောင်း၊ ဗိုလ်ချိုလမ်းအား ရွှေကြက်ယက်လမ်းနှင့်ဆုံရာ လမ်းဆုံမှလည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းအား စောမဟာလမ်းဆုံမှလည်းကောင်း ခေတ္တပိတ်ထားမည်ဖြစ်ပြီး လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ် ပါသည်။
၃။ အလံတင်အခမ်းအနားကျင်းပမည့် အတွင်းဝန်ရုံးအား ၁၉.၇.၂၀၂၂ ရက်နေ့မှ ၂၁.၇.၂၀၂၂ ရက်နေ့ ၀၅၀၀ အချိန်မှ ၁၈၀၀ အချိန်အထိ သိမ်ဖြူလမ်းအား ဗိုလ်ချုပ်လမ်းဆုံမှလည်းကောင်း၊ အနော်ရထာလမ်းအား ဗိုလ်မြတ်ထွန်း လမ်းဆုံမှလည်းကောင်း၊ မဟာဗန္ဓုလလမ်းအား ပန်းဆိုးတန်းလမ်းဆုံမှလည်းကောင်း၊ ဗိုလ်အောင်ကျော်လမ်းအား ကုန်သည်လမ်းဆုံမှလည်းကောင်း လမ်းပိတ်ထားမည်ဖြစ်ပါသည်။
၄။ သို့ဖြစ်ပါ၍ ယာဉ်မောင်းသူပြည်သူများအနေဖြင့် အခမ်းအနားကျင်းပစဉ် လမ်းပိတ်လမ်းလွှဲ ဆောင်ရွက်နေသည့်အချိန်များတွင် အခြားသင့်လျော်သောလမ်းများမှ မောင်းနှင်သွားလာကြပါရန် ကြိုတင်အသိပေးနှိုးဆော်အပ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
No comments:
Post a Comment