Friday, July 8, 2022

သတင်းကြေညာချက်

 

၁။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် ကမ်းလွန် လုပ်ကွက်အမှတ် M-9 နှင့် လုပ်ကွက်အမှတ် M-3 တို့တွင် Geotechnical Site Sruvey(GTI) and Associated Studies လုပ်ငန်းများအား Survey Vessel:MV.DP2 KEYFIELD HELMS ရေယာဉ်ဖြင့် ဆောင်ရွက်သွားမည့် တည်နေရာကို ဖော်ပြသည့်

Coordinate များဖြစ်သော Point M3 ASK-12 မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၂၅ မိနစ် ၅၈ ဒသမ ၆၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၀ မိနစ် ၁၀ ဒသမ ၈၃ စက္ကန့်၊ Point ZWP-16 (Zawtika- 25) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၅ မိနစ် ၂၀ ဒသမ ၁၅ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၃ မိနစ် ၂၇ ဒသမ ၃၈ စက္ကန့်၊Point ZWP-17(Zawtika-29) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၃၁ မိနစ် ၀၄ ဒသမ ၈၃ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၀၀ မိနစ် ၃၉ ဒသမ ၇၇ စက္ကန့်၊ Point ZWP-18 (Zawtika-14) မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၇ မိနစ် ဝ၀ ဒသမ ၁၆ စက္ကန့်၊ အရှေ့လောင်ဂျီ တွဒ် ၉၅ ဒီဂရီ ၄၆ မိနစ် ၀၅ ဒသမ ၅၂ စက္ကန့်၊ Point ZWP-19(Zawtika-12)မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၅ မိနစ် ၁၇ ဒသမ ၃၁ စက္ကန့်၊ အရှေ့ လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၆ မိနစ် ၃၅ ဒသမ ၇၉ စက္ကန့်နှင့် Point Zawtika-38 (Jacket Receiver) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၂ မိနစ် ၀၃ ဒသမ ၂ဝ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၅ မိနစ် ၃၉ ဒသမ ၄၈ စက္ကန့်တို့အတွင်းတွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ၅ ရက်နေ့မှ၂၀၂၂ ခုနှစ်ဇူလိုင်လ ၃၁ ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက် အမှတ်၊ M-9 နှင့် လုပ်ကွက်အမှတ် M-3 တို့တွင် Geote-chnical Site Sruvey(GTI) and Associated Studies လုပ်ငန်းများအားSurvey Vessel: MV.DP2 KEYFIELD HELMS ဖြင့် လုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ တွင်းတူးဖော်မည့် တည်နေရာများမှ ၄ ကီလိုမီတာပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမပြုလုပ်ကြရန် အသိပေးကြေညာအပ်ပါသည်။

ငါးလုပ်ငန်းဦးစီးဌာန

No comments:

Post a Comment