Friday, July 8, 2022

ကနဦးမဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းစနစ် ဆော့ဝဲလ်အသုံးပြုနည်းလမ်းညွှန် သင်တန်းဖွင့်ပွဲကျင်းပ

 

နေပြည်တော် ဇူလိုင် ၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်ဖြင့် ကနဦးမဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းစနစ် (Initial Voter List Scrutinizer- IVLS Software) အသုံးပြုနည်း လမ်းညွှန်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး မြန်မာ့သတင်းအချက် အလက်နည်းပညာတက္ကသိုလ် ကွန်ပျူတာသင်တန်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦး‌အောင်မိုးမြင့် တက်ရောက်အမှာစကားပြောကြားခဲ့ပြီး သင်တန်းဆောင်ရွက်နေမှုကို ကြည့်ရှုသည်။

အဆိုပါသင်တန်း၌ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဝန်ထမ်း ၈၄ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကို နှစ်ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment