Tuesday, July 12, 2022

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၊ အမှတ် (၆)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဆုရရှိသူများအား တက်ရောက်ဆုချီးမြှင့်




မြစ်ကြီးနား      ဇူလိုင် ၁၂

ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော ကျောင်းသား လူငယ် များ ဖြစ်လာစေရေး၊ ကျောင်းအားကစားမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ် ထွက်လာစေရေး ရည်ရွယ်၍ မြစ်ကြီးနားမြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား၊ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ညနေ ၄ နာရီတွင် အဆိုပါကျောင်း ဘောလုံး ကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက တက်ရောက် အားပေး သည်။

နောက်ဆုံးဗိုလ်လုပွဲစဉ်တွင် အမျိုးသမီးဘောလုံးအသင်းများဖြစ်ကြသည့် ဗန္ဓုလအသင်းနှင့် အလောင်းဘုရား အသင်းတို့ ယှဉ်ပြိုင်ကစားကြမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ခရိုင်ပညာ‌ရေးမှူးနှင့် ကျောင်း အုပ်၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူလေးများ ကြည့်ရှု အားပေးခဲ့ကြရာ အလောင်းဘုရား အသင်း က ဗန္ဓုလအသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသည်။

ဆက်လက်၍ ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် စီးပွား‌ရေး ရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် ခရိုင်ပညာရေးမှူးတို့က ပထမဆုနှင့်ဒုတိယဆုရ အမျိုးသားဘောလုံး အသင်းနှင့် အမျိုးသမီးဘောလုံးအသင်းတို့အတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်များ ကိုလည်းကောင်း ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရအမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းများအတွက် ဒိုင်းဆုကိုလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ကျောင်းကောင်စီဥက္ကဋ္ဌဖလား အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲများကို ဇွန်လ ၂၃ ရက် နေ့က စတင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ဘောလုံးပြိုင်ပွဲအပြင် ကျောင်းသားလူငယ်များ အတွက် အားကစား ပြိုင်ပွဲများကိုလအလိုက်  ဘတ်စကတ်ဘော၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ မြန်မာ့ရိုးရာအလှခတ်ပြခြင်း၊ ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲများကိုလည်း ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment