Tuesday, July 12, 2022

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ ရွှေသောင်ယံမြို့ အဏ္ဏဝါသိပ္ပံကျောင်းဝန်းအတွင်း အုန်းပင်စိုက်ပျိုးပွဲနှင့် တွေ့ဆုံပွဲပြုလုပ်



 

ရွှေသောင်ယံ ဇူလိုင် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိအဏ္ဏဝါ သိပ္ပံ ကျောင်းဝန်း အတွင်း၌ ယမန်နေ့‌ မွန်းလွဲ ၁ နာရီခွဲအချိန်က ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်း နှင့် အဖွဲ့လာရောက်၍ အဏ္ဏဝါသိပ္ပံ လေ့လာရေးကျောင်းအတွင်း၌ တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်း၊ ဌာနဆိုင် ရာများနှင့်ဒေသထွက်နှစ်ရှည်အုန်းပျိုးပင်များ စိုက်ပျိုးခြင်းလုပ်ငန်းများကိုဆောင်ရွက် ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲတွင်ပုသိမ်တက္ကသိုလ် ဌာနစိတ်အသီးသီးရှိ ပါမောက္ခများမှရွှေသောင်ယံမှ ထွက်ရှိ သည့် ပင်လယ်ထွက်ပစ္စည်းများမှလူ သုံးကုန်ပစ္စည်းထုတ်လုပ်မှုများအကြောင်း၊ ပင်လယ် ထွက်စား သောက်ကုန်များအပေါ် သုတေသနပြုလုပ်ချက်များ၊ ဒီရေတောရှိလမုပင်များမှဆေးဝါး ထုတ်လုပ်နိုင် ရန် သုတေသနပြုလုပ်ချက်များအကြောင်း၊ စား‌သောက်ဖွယ်ရာပင်လယ်ထွက်‌ ရေသတ္တဝါများ အ‌ကြောင်း စသည်ဖြင့် ရွှေသောင်ယံမြို့ အဏ္ဏဝါသိပ္ပံသုတေသနစခန်းမှ သုတေသနပြုလုပ်ချက်များကို အသေးစိတ်ရှင်းလင်း တင်ပြခဲ့ကြသည်။

ထိုသို့တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူအဏ္ဏဝါ သိပ္ပံကျောင်းမှတာဝန်ရှိသူများ၊ တိုင်း အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)

No comments:

Post a Comment