Tuesday, July 12, 2022

(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ






 

ရန်ကုန် ဇူလိုင် ၁၂

(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲတွင် ရန်ကုန် တိုင်းဒေသကြီးမှ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၃)၌ ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးသို့ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းမှအမှာစကားပြောကြားရာတွင် ဗဟိုအဆင့် ယှဉ်ပြိုင်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲအား ခရိုင်များကိုအခြေခံပြီး ပြိုင်ပွဲများကျင်းပသွား ည်ဖြစ်သဖြင့်  ပူးပေါင်းပါဝင်ဆောင်ရွက်စေ လိုပါကြောင်း၊ အနုပညာရှင်များ၊ အတတ်ပညာရှင်များနှင့် ဝါသနာ ရှင်များ အားလုံးပူးပေါင်း ပါဝင်စေလိုကြောင်း၊ သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးများအနေဖြင့် ပြိုင်ပွဲကျင်းပ မည့်နေရာများနှင့် လိုအပ်သည်များကို ဆောလျင်စွာတင်ပြ ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲ ရန်ကုန်တိုင်းဒေသ ကြီးအဆင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးဌေးအောင်မှ ရန်ကုန် တိုင်းဒေသကြီးမှ ပြိုင်ပွဲအလိုက် အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆောင်ရွက်နေမှုအခြေ အနေများကို ရှင်းလင်းတင်ပြပြီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဇော်ဝင်းမှ အောင်နိုင် ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက် သွားမည့် အစီအစဉ်များကို လည်းကောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ် ဦးလှခိုင်က (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲ တွင် ရန်ကုန်တိုင်းဒေသကြီးမှ အောင်မြင်စွာဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းစဉ်အဆင့်ဆင့် စီစဉ်ဆောင်ရွက်ထားရှိမှုများအား လည်းကောင်း၊ အခမ်းအနား တက်ရောက်လာသူများမှ ရန်ကုန်တိုင်းဒေသကြီးအောင်နိုင်ရေးအတွက် မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယကရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းမှ ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 အောင်မြင့် (ပြန်/ဆက်)

No comments:

Post a Comment