Friday, July 8, 2022

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် ကံမမြိုနယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ


ကံမ ဇူလိုင် ၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်တို့သည် ယမန်နေ့နေ့လယ် ၂ နာရီက ကံမမြို့နယ်သို့ရောက်ရှိပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္က ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့သည်။

 

ထိုသို့တွေ့ဆုံရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်လှိုင်က ၂၀၂၂ ၂၀၂၃ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့်ဆောင်ရွက်ရန်လျာထားသည့် လမ်း၊ တံတား၊ ရေမြောင်းနှင့် အသစ်တိုးချဲ့မည့် မြို့ပြရေပေးဝေရေး လုပ်ငန်းများအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်က ဆက်လက်တင်ပြခဲ့ရာ ဝန်ကြီးကတင်ပြချက်များ အပေါ် လိုအပ်ချက်များအား ဖြည့်စွက်ပြောကြားခဲ့ပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း (ကံမ)

No comments:

Post a Comment