မုံရွာ ဇူလိူင် ၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး ဒေါ်မြင့်မြင့်အောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့ပေါ်ရှိ ဆရာတော်၊ သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲ မရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြောင်ပန်းဓမ္မာရုံကျောင်းတိုက်ရှိ ဓမ္မရုံကြီးတွင် ပုဗ္ဗာရုံကျောင်းတိုက်၊ ဘုရားနီမြအုဋ်ကျောင်းတိုက်၊ မစိုးရတိုက်သစ်ကျောင်းတိုက်၊ သုတာရာမဓမ္မာရုံကျောင်းတိုက်နှင့် ကြောင်ပန်းဓမ္မာရုံကျောင်းတိုက်များရှိ ဆရာတော်ကြီးများအား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ၊ ဆွမ်းဆန်၊ ဆီ၊ ကြာဇံ၊ ပဲ၊ ဆား အမယ်ငါးမျိုးနှင့် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။
ဆက်လက်၍ ငါးသယံဇာတများ ပေါကြွယ်ဝစေရန်နှင့် ငါးမျိုးများပြန့်ပွားစေရန်၊ ဒေသတွင်း ငါးထုတ်လုပ်မှု မြင့်မားတိုးတက်လာစေရန်၊ ငါးမျိုးပြုန်းတီးမှုကိုကာကွယ်ရန်နှင့် ဆင်းရဲမှုလျှော့ချရေးအတွက် တဖက်တလမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအနီးတွင် ကျင်းပသော ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား သို့ တက်ရောက်ရာ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်တည့်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ချင်းတွင်းမြစ်အတွင်း ငါးမျိုးများ စိုက်ထည့်ပေးကာ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များက ငါးမျိုးများစိုက်ထည့်ပေးနေမှုများအား ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားတွင် ၂ လက်မအရွယ်ရှိ ငါးမြစ်ချင်းကောင်ရေ - ၅ သိန်း၊ ငါးခုံးမကြီးကောင်ရေ - ၂ သိန်း စုစုပေါင်း ကောင်ရေ - ၇ သိန်း အား စိုက်ထည့်ပေးခဲ့သည်။
ခရိုင် (ပြန်/ဆက်)
No comments:
Post a Comment