ပုသိမ် ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံသို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး စက်ရုံလည်ပတ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ဦးစွာ ခေတ္တစက်ရုံမှူးက ဝန်ထမ်းခန့်ထားမှု အခြေအနေများ၊ ထုတ်လုပ်နိုင်မှု
စွမ်းရည်နှင့် ကုန်ကြမ်းလိုအပ်ချက် အခြေအနေများ၊ အမိုးနီးယားနှင့် ယူရီးယား
ထုတ်လုပ်ပုံအဆင့်ဆင့်၊ ဘဏ္ဍာနှစ်အလိုက် ယူရီးယား ဓာတ်မြေဩဇာထုတ်လုပ်မှု
အခြေအနေများနှင့် ဖြန်ဖြူးမှု အခြေအနေများ၊ စက်လည်ပတ်ရေးအတွက်
ပြင်ဆင်ဆောင်ရွက်ခဲ့မှုနှင့် စက်ပြုပြင်မှု မှတ်တမ်းများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “မိမိတို့အစိုးရအဖွဲ့အနေဖြင့်
ယခင်စက်ရုံ ပြန်လည်လည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေသည့် ကာလများကပင်
စက်ရုံဝန်ထမ်းများနှင့် လာရောက်တွေ့ဆုံ အားပေးခဲ့ပြီး အမြန်ဆုံး လည်ပတ်နိုင်ရေး
သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများကို တွန်းအားပေး ဆောင်ရွက်ခဲ့ပါကြောင်း၊
စက်ရုံမှူးနှင့် ဝန်ထမ်းများ၏ ကြိုးစားမှုကြောင့် ပြန်လည်လည်ပတ်နိုင်ခဲ့ပြီး
တန်ချိန် ၂ သောင်းကျော် ထုတ်လုပ်နိုင်ခဲ့ကာ နွေစပါးစိုက်ရာသီတွင်
တောင်သူများထံသို့ စျေးနှုန်းသက်သာစွာဖြင့် ဆက်လက်ဖြန့်ဖြူး ပေးနိုင်ခဲ့ကြောင်း၊ စက်ရုံနှစ်ပတ်လည်
စက်ပြုပြင်မှု (Annual
Shutdown) ကာလအတွင်း စက်ရုံလည်ပတ်နိုင်ရေး ပြင်ဆင်ဆောက်ရွက်ခြင်းများ အဆင့်သင့်ဖြစ်စေရေး
လာရောက်ကြည့်ရှု စစ်ဆေးခြင်းဖြစ်ကြောင်း၊ မကြာမီ ဓာတ်ငွေ့ပိုလွှတ်တော့မည်ဖြစ်၍ ဓာတ်မြေသြဇာ
ထုတ်လုပ်နိုင်ရေး ပြင်ဆင်ရမည့် အစိတ်အပိုင်းများ ပြင်ဆင်ထားရှိပြီး စွမ်းအားပြည့် လည်ပတ်နိုင်ရေး
ဆောင်ရွက်ရန် လိုပါကြောင်း၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြန်လည်
ပို့လွှတ်နိုင်ရေး ကြိုတင်ညှိနှိုင်း ဆောင်ရွက်ထားရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊
စက်ရုံကောင်းမွန်စွာ လည်ပတ်နိုင်ရေးနှင့် ဓာတ်မြေဩဇာများ ပြန်လည်ထုတ်လုပ်နိုင်ပါက
နိုင်ငံတော်နှင့် တိုင်းဒေသကြီးအတွက်သာမက ဒေသခံတောင်သူများအတွက်ပါ သွင်းအားစု လိုအပ်ချက်များနှင့်
ဈေးနှုန်းကြီးမြင့်မှုများအား အတိုင်းတာတစ်ခုအထိ ပံ့ပိုးပေးနိုင်မည် ဖြစ်ကြောင်းနှင့်
စက်ရုံလုံခြုံရေး၊ သန့်ရှင်းသာယာလှပရေးအတွက် အလေးထား ဆောင်ရွက်ရွက်ရန် လိုအပ်ကြောင်း” ပြောကြားပြီး
ဝန်ထမ်းများအတွက် ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ် အစရှိသည့် စားသောက်ဖွယ်ရာများအား
ထောက်ပံ့ပေးအပ်ကာ စက်ရုံအတွင်း စက်ရုံလည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်
ထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)
No comments:
Post a Comment