မုံရွာ ဇူလိုင် ၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေ သကြီး အစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်သော တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် မုံရွာမြို့ပေါ်ရပ်ကွက်များရှိ ရပ်မိ ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲ အခမ်းအနား သို့ တက်ရောက်ကြ သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မုံရွာမြို့ ဖွံ့ဖြိုးတိုးတက်ရေး၊ သန်ရှင်းသာယာသပ်ရပ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို လူမူရေး အသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်းလက်တွဲကာ မြို့အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ယခုလို တွေ့ဆုံရခြင်း ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြည်သူ အကျိုးရှိစေတဲ့ အရာမှန်သမျှကို လုပ်ပေးနိုင်တာ မှန်သမျှ ကူညီ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါ ကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မိမိတို့ တာဝန်ယူဆောင် ရွက်နေသည့် ဌာနလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေး ပြောကြားပြီး တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာကြသော အသင်းအဖွဲ့တာဝန်ခံများ၊ ရပ်မိရပ်ဖများက မိမိတို့ အသင်းအဖွဲ့များနှင့် ရပ်ကွက်များအတွင်းရှိ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်ချက် များကို အသီးသီး ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြချက်များအပေါ် ပံ့ပိုး ကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)
No comments:
Post a Comment